Monday, July 14, 2014

Vivo Xplay 3S ဖုန်းမှာ VIVO Xplay 3S 1.20.2 Official Rooted Firmware တင်နည်း

Vivo Xplay 3S ဖုန်းကိုင်ဆောင်သူများအတွက် Root Access ပါပြီး/Root လုပ်ပြီးသား VIVO Xplay 3S 1.20.2 Official Rooted Firmware တင်နည်းကိုတင်ပြပေးလိုက်ပါတယ်။
VIVO Xplay 3S 1.20.2 Official Rooted Firmware ကိုတင်ဖို့အတွက် သင့်ဖုန်းမှာ Custom Recovery တင်ပြီးဖြစ်ရပါမယ်။
Firmware ဖိုင်ကိုတော့အောက်က Link မှာရယူပါ။
Firmware ဖိုင်ကိုရယူပြီးပြီဆိုရင်တော့ ဖုန်းရဲ့ SD Card ထဲကိုထည့်ပါ။
ပြီးရင် ဖုန်းရဲ့ Recovery ထဲကိုဝင်ပါ။  (Recovery ထဲကိုမ၀င်တတ်ဘူးဖြစ်နေရင်တော့ Google Play ကနေ Quick Boot ဆိုတဲ့ app ကိုသွင်းပါ။ ယင်း app ထဲကနေတစ်ဆင့် Recovery ကိုနှိပ်ပြီး Recovery Mode ထဲကိုဝင်နိုင်ပါတယ်။)
Recovery ထဲကိုရောက်ပြီဆိုရင် သုံးခုမြောက် Option ထဲကိုဝင်ပြီး Wide Data Factory Reset ကိုနှိပ်ပါ။

ပြီးရင် ၄ ခုမြောက် Option ထဲကိုဝင်ပြီး  WIde Cache Partition ကိုနှိပ်ပါ။

ပြီးရင် ၇ ခုမြောက် option ကိုနှိပ်ပြီး wipe dalvik cache လုပ်ပါ။

ပြီးရင် ၂ ခုမြောက် Option ထဲကိုဝင်ပြီး SD Card ထဲမှာထည့်ခဲ့တဲ့ Firmware ဇစ်ဖိုင်ကိုရွေးပေးလိုက်ပြီး ROM Installation Step ကိုစတင်နိုင်ပါပြီ။

ဖုန်းက ယခုတင်လိုက်တဲ့ Firmware နဲ့ တက်လာပြီဆိုရင်တော့ တရုတ်စာတွေနဲ့ဖြစ်နေပါမယ်။  ၉ ခုမြောက် Option က language ဖြစ်ပါတယ်။ အင်္ဂလိပ်စာသို့ပြောင်းလိုက်ပါ။

အဆင်ပြေကြပါစေ။

No comments:

Post a Comment