Thursday, July 17, 2014

မန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ကိုင်မည့် ဂျပန်ကုမ္ပဏီနှစ်ခု ကန်ဒေါ်လာ သန်းနှစ်ထောင် ရင်းနှီးလုပ်ကိုင်ရန် သဘောတူ

မန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက် မည့် ဂျပန်နိုင်ငံဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် KDDI ၊ Sumitomo Corporation တို့က ဆက်သွယ်ရေး ဝန်ဆောင်မှုများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ကန် ဒေါ်လာသန်းနှစ်ထောင် ရင်းနှီး မြှုပ်နှံသွားမည်ဖြစ်ကြောင်း ထုတ် ပြန်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းနှင့် ပူးတွဲလုပ်ကိုင်ရန် ပြည်ပ အော်ပရေတာများအား ကာလ ရှည်ကြာ ရွေးချယ်ခဲ့ပြီး ယခု နောက်ဆုံး ယင်းကုမ္ပဏီနှစ်ခုအားရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပူးတွဲဆောင်ရွက်မှု အတွက် ဇွန်လ ၁၆ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့ဟာ တခြားအော်ပရေတာတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် ခြေလှမ်းများစွာနဲ့ လုပ်နေပါတယ်။ အခုပူးပေါင်းမှုကြောင့် ကျေးလက်ဒေသတွေအထိ ဈေးသက်သာတဲ့ မိုဘိုင်းဝန်ဆောင်မှုကိုပေးနိုင်မယ်လို့ ယုံကြည်ပါတယ်’’ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်းက ပြောကြားသည်။

ယခုသဘောတူညီမှု လက် မှတ်ရေးထိုးခြင်းဖြင့် နယ်ပယ် ပေါင်းစုံပါသော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်မတိုင်မီ နိုင်ငံတစ်ဝန်းရှိ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမိုဘိုင်းဖုန်းအသုံးပြုခွင့်ရနိုင်စေရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

‘‘MPT နဲ့အတူ အရည် အသွေးမြင့်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် ဘဏ္ဍာရေးနဲ့ နည်းပညာအားကောင်းတဲ့ တယ် လီကွန်းကွန်ရက်ကနေတစ်ဆင့် ဆောင်ရွက်သွားပါမယ်’’ ဟု KDDI မှ ကမ္ဘာ့စီးပွားရေး အမှုဆောင်အရာရှိမစ္စတာတာ့ဂျီးမက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း၏ ယခုပူးပေါင်းမှုမှတစ်ဆင့် မိုဘိုင်းဝန်ဆောင်မှုများကို တိုးချဲ့ သွားမည်ဖြစ်ပြီး အခြားအော်ပရေ တာများထက် နောက်မကျစေဘဲ မိုဘိုင်း ဆင်းမ်ကတ်များကို အကန့်အသတ်မရှိ ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ ဆင်းမ်ကတ်များရောင်းချ ပေးရာတွင် 3G ဆင်းမ်ကတ်များ ကို အဓိကရောင်းချပေးသွားမည် ဖြစ်ပြီး အချို့ဒေသများကိုသာ 2G နှင့်တွဲ၍ ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့အပြင် ယခုကောက်ခံနေ သည့် ဖုန်းပြောခများနှင့် အင်တာ နက် အသုံးပြုခများကို အခြား အော်ပရေတာများထက် သက် သာစေရန် ညှိနှိုင်းမှုများပြုလုပ် နေကြောင်း သတင်းရရှိသည်။

No comments:

Post a Comment