Wednesday, July 16, 2014

စားစရာတစ်နေ့တစ်ခုအလကားပေးတဲ့ ဖုန်းဆော့ဝဲ McDonald’s® Surprise Alarm

ဖုန်းဆော့ဝဲတစ်ခုက သင့်ကို တစ်နေ့ကိုစားစရာတစ်ခုအလကားကျွေးနေမယ်ဆိုရင် ယုံနိုင်မလား။ ကမ္ဘာကျော် Fast food လုပ်ငန်းဖြစ်တဲ့ MacDonald ကနေ ထုတ်လုပ်ပေးထားတဲ့
McDonald’s® Surprise Alarm ဆိုတဲ့ app လေးအကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်။ ဒီဆော့ဝဲလေးကတော့ နှိုးစက် Alarm ပေးတဲ့ ဖုန်း application လေးဖြစ်ပါတယ်။ မနက်အိပ်ရာထ ၊ နေ့လည်ခဏတစ်ဖြုတ်အိပ်ရာထဖို့အတွက် သာမန် clock application နဲ့နှိုးစက်မပေးဘဲ ဒီဆော့ဝဲလေးအသုံးပြုပြီး နှိုးစက်ပေးထားနိုင်ပါတယ်။ ဒါဆိုရင် ဘာထူးခြားလဲ..?
McDonald’s® Surprise Alarm app နဲ့ alarm ပေးထားခြင်းအားဖြင့် ကိုယ်သတ်မှတ်ပေးထားတဲ့အချိန်မှာ ဖုန်းက alarm မြည်မှာဖြစ်ပြီး McDonal မှာရရှိနိုင်တဲ့အစားအသောက်တွေထဲကအစားအသောက်တစ်ခုကိုအခမဲ့လာရောက်ရယူစားသုံးနိုင်ကြောင်း သင့်ကို Surprise လုပ်ပါလိမ့်မယ်။ နေရာအနှံ့မှာရှိနေတဲ့ McDonal ဆိုင်တစ်ခုခုမှာ စားစရာဝယ်ယူစားသောက်ရင်း သင့်ဖုန်းမှာ ပေါ်လာတဲ့ McDonald’s® Surprise Alarm app ထဲက စားစရာ ကိုပါ အခမဲ့သွားရောက်ရယူနိုင်မှာဖြစ်ပါတယ်။ နေ့တိုင်းနီးပါး Surprise food တွေကို ဒီဆော့ဝဲကနေပေးပါတယ်။ Surprise ပုံစံတွေထဲမှာ McDonal မှာစားစရာတစ်ခုဝယ်မှ ဒီ ဖုန်း app မှာ surprise အနေနဲ့ ပေါ်တဲ့ food ကိုထုတ်ပေးတဲ့ပေါက်မဲမျိုးတွေပါဝင်သလို ၊ ဘာမှဝယ်စားစရာမလိုဘဲ အခမဲ့ရယူနိုင်တာမျိုးတွေပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာတော့
McDonald ဆိုင်တွေမရှိတဲ့အတွက် ဒီ service ကိုရရှိနိုင်မှာမဟုတ်ပါဘူး ။ ကဲ… အခုပဲ McDonald’s® Surprise Alarm app ကိုဖုန်းမှာ သွင်းထားလိုက်ကြရအောင်။

အားလုံးပဲအဆင်ပြေကြပါစေ။

No comments:

Post a Comment