Tuesday, July 15, 2014

၁၁နှစ်အရွယ်လူငယ်လေးဓာတ်မတဲ့သော အဖုအပိမ့်ထွက်ခြင်းမှာ ipad ကြောင့်ဟု သင်္ကာမကင်းဖြစ်ခံရ

Apple ipad ကြောင့် San Diego ဆေးရုံမှာ ၁၁အရွယ်လူငယ်လေးတစ်ယောက် အဖုအပိမ့်ထွက်တဲ့ရောဂါခံစားရသောကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး ၄င်းကလေးကို ကုသပေးနေတဲ့ ဆရာဝန်တွေကတော့ ဒီလို Allergic rash ကိုတွေ့ရှိခြင်းကြောင့် 2010 ခုနှစ်က မိဘတွေက ၀ယ်ပေးခဲ့တဲ့ ipadကို ခြေရာခံလေ့လာခဲ့ပါတယ်။။AAP ရဲ့အဆိုအရ နီကယ်ဒြပ်စင်ပါဝင်တဲ့ Tablet တွေ အသုံးပြုခြင်းက ဒီကလေးငယမှာ အရေပြားနှင့်သက်ဆိုင်တဲ့ ရောဂါ ဖြစ်ပွားရခြင်းဖြစ်ကြောင်းနဲ့ တချို့ကလေးငယ်များဆိုရင် ဒီရောဂါကြောင့်ကျောင်းကတောင်ထွက်ရတယ်လို့သိရပါတယ်။laptops and smartphones ဖုန်းများကဲ့သို့ ယခုခေတ် လူသုံးများတဲ့ အီလက်ထရောနစ်ပစ္စည်းများမှာလည်း နီကယ်ကဲ့သို့chemicial ဒြပ်ပေါင်းများပါဝင်တာကိုတွေ့ရပြီး iPad models များနှင့် Apple device များတောင်မှ၎င်းပစ္စည်းပါဝင်တာကို သေသေချာချာမသိရှိနိုင်ပါဘူး။ယခုလို အဖုအပိမ့်ထွက်ခြင်းမှာ လက်ဝတ်ရတနာများ၊မျက်မှန်ကိုယ်ထည်၊ဇစ်ကြိုးစတာတွေကနေလည်း ဖြစ်ပွားစေတတ်ပါတယ်။”နီကယ်ကြောင့်ဖြစ်လာတဲ့ အဖုအပိမ့်ထွက်ခြင်းဟာ ဘ၀တစ်လျှောက်ခြိမ်းခြောက်နိုင်တဲ့ ရောဂါမျိုးတော့ မဟုတ်ပါဘူး။ဒါပေမယ့် ဒီလိုရောဂါခံစားနေရတာက သက်သောင့်သက်သာ၇ှိလှတဲ့အခြေအနေတော့မဟုတ်ပါဘူး။အရေပြားမှာ ၄င်း ရောဂါဖြစ်တော့မယ့်အရိပ်အယောင်ခံစားလာရပြီဆိုရင် စတိရွိုက်နှင့်ပဋိဇိဝ ဆေးများသောက်ကာ ရောဂါကို ကုသမှုခံယူဖို့လိုအပ်ကြောင်း လူငယ်လေးကို ကုသနေတဲ့ ရာဒီကလေးအထူကုဆေးရုံမှ အရေပြားအထူးကုဆရာဝန်ဒေါက်တာရှရွန်ဂျက်ကော့ဘ်မှ ပြောကြားခဲ့ပါတယ်။
နီကယ်ကြောင့်ဖြစ်တဲ့ဓာတ်မတဲ့သောရောဂါများဟာ အမေရိကန်မှာတော့ကလေးငယ်များကို အရေးပြားစမ်းသပ်မှုလုပ်ကြည့်တဲ့အခါမှာ  နီကယ်ကြောင့်ဓာတ်မတတ်ရောဂါဖြစ်ပွားနေမှုက လွန်ခဲ့တဲ့ဆယ်စုနှစ်က 17 ရာခိုင်နှုန်းဖြစ်ပွားရာကနေ ယခုအခါမှာ 25 ရာခိုင်နှုန်းခန့်မြင့်တက်လာကြောင်း ပြည်သူတွေဆီကထုတ်ဖော်ကြည့်တဲ့အချက်အလက်တွေအရ အစီရင်ခံစာများကနေ အခိုင်အမာဆိုကြပါတယ်။ဒါကြောင့်  ipad များအသုံးပြုတဲ့အခါမှာ protective case ဖြင့်သုံးတာက ကလေးများအတွက် ပိုကောင်းစေပါတယ်။ဆရာဝန်များအနေနဲ့လည်း အီလက်ထရောနစ်ပစ္စည်းများဟာ ၄င်းရောဂါများဖြစ်ပွားရခြင်းရဲ့အရင်းအမြစ်ဖြစ်ကြောင်း ကုသမှုခံယူနေရတဲ့လူနာများကို အကြံပေးဖို့လိုအပ်ပါသည်။

No comments:

Post a Comment