Saturday, July 19, 2014

Mobogenie 3.0 …For Window

အခုကတော့ Mobogenie Version 3.0 လေးပါ
အသစ်ထွက်လာတာမို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်
အခု Version အသစ်မှာ   UI ကော အခြားဒီဇိုင်းပိုင်းတွေပါ ပြောင်းလဲသွားပါတယ်
Download Speed ပိုမိုမြန်ဆန်လာပြီး
ယခင် version နဲ့ သုံးရတာ သိသိသာသာကြီးကွာခြားသွားပါတယ်
Games , App , Wallpaper , Music & Ringtones တွေကိုပါ ရယူနိုင်မှာပါ
လိုအပ်လို့ အသုံးပြုချင်တယ်ဆိုရင် အောက်မှာရယူနိုင်ပါတယ်
download
အဆင်ပြေပါစေ

Google မှ ထုတ်လုပ်ပေးသော Android Launcher

ကဲ Android သုံးစွဲတဲ့  User တွေအတွက် Google ကနေ Official Launcher
ထုတ်ပေးလိုက်ပါပြီ Google ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ Nexus ရဲ့ အရိပ်အယောင်တွေပါမှာပါ
သုံးရတာလွယ်ကူသလို ရုပ်ထွက်လဲလှပါတယ်
Android-4.4-Launcher-APK
Google ရဲ့ Launcher လေးကို အသုံးပြုချင်တယ်ဆိုရင်အောက်မှရယူနိုင်ပါတယ်
download

နာမည်ကြီး Cydia Default Repo ဖြစ်သည့် BigBoss Repo အား Hack ခံရ ၊ Cydia Tweak အားလုံးကို Free ပေးပစ်ခဲ့

Bigboss repo ဆိုရင် iDevice ကို Jailbreak လုပ်ပြီး Cydia Tweak တွေကိုထည့်သွင်းသုံးစွဲနေကြတဲ့ iDevices Users တိုင်းသိကြပါတယ်။ Bigboss Repo ဟာ iPhone/iPad တွေကို Jailbreak လုပ်ပြီးတာနဲ့ Cydia app ထဲမှာ Default အနေနဲ့ပါဝင်ပြီးသား Repo တစ်ခုပါ။ ၁၈ ရက်နေ့ညက ယင်းနာမည်ကြီး Repo ‘ Bigboss’ ဟာ Hack ခံလိုက်ရပါတယ်။ Bigboss Repo ပေါ်မှာတင်ထားတဲ့ Free Tweak တွေအပြင် ပိုက်ဆံနဲ့ရောင်းတဲ့ Cydia Tweak တွေ စတဲ့ ဖိုင်ပေါင်း တစ်သောင်းသုံးထောင်ကျော်ကို Freedownload အနေနဲ့ရယူနိုင်အောင် Hacker တွေကလုပ်ထားခဲ့ပါတယ်။ iOS Researcher တွေကတော့ ယခုလောလောဆယ်အချိန်မှာ Bigboss မှာတင်ထားတဲ့ ဘယ် tweak ကိုမှ Users တွေ download မလုပ်ကြဖို့ပြောဆိုနေကြပါတယ်။

မန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အိမ်သုံးကြိုးဖုန်းများမှတစ်ဆင့် မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုပေးမည်

အိမ်တိုင်းတွင် ကြိုးဖုန်းများ သုံးစွဲနိုင်ရန်နှင့် ယင်း ကြိုးဖုန်းမှတစ်ဆင့် မြန်နှုန်းမြင့်အင် တာနက်အသုံးပြုနိုင်ရန် ဝန်ဆောင် မှုပေးသွားမည်ဖြစ်ကြောင်း အော်ပ ရေတာတစ်ခုအဖြစ် လုပ်ကိုင်မည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) မှ အထွေထွေမန်နေဂျာ ဦးခင်မောင် ထွန်းက ပြောသည်။
ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI နှင့် Sumitomo ကော်ပိုရေးရှင်းတို့ နှင့်ပူးပေါင်း၍ ယင်းကဲ့သို့ကြိုးဖုန်းများ အသုံးပြုနိုင်ရန်အတွက် ဆက်သွယ် ရေးကွန်ရက်များတိုးချဲ့သွားမည်ဖြစ် ကာ လက်ရှိသုံးစွဲနေသည့်အင်တာ နက်လိုင်းထက် မြန်နှုန်းများစွာမြင့် သည့် အင်တာနက်လိုင်း တိုးချဲ့ဝန် ဆောင်မှုပေးနိုင်ရန် လပိုင်းအတွင်း ဂျပန်ကုမ္ပဏီနှစ်ခုနှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အထွေထွေမန် နေဂျာဦးခင်မောင်ထွန်းကပြောသည်။
ယင်းက ”အော်ပရေတာတစ်ခု ဖြစ်သွားရင်ဆက်သွယ်ရေး ဝန်ဆောင် မှုပေးမှာတွေ အများကြီးပေးမှာပါ။ ကြိုးဖုန်းတွေ လဲဈေးလျှော့ပေး ဖို့ အစီ အစဉ်တွေရှိတယ်။ လက်ရှိသုံးနေတဲ့ အင်တာနက်လိုင်းထက် ပိုကောင်း အောင် ကွန်ရက်ဖြန့်ကြက်တာတွေ လုပ်မှာပါ”ဟုပြောသည်။
အဆိုပါဂျပန်ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်း၍ မိုဘိုင်းဖုန်းဆက်သွယ်ရေး ကွန်ရက် ဖြန့်ကြက်ခြင်းများအပြင် ကြိုးဖုန်းမှတစ်ဆင့် အင်တာနက်ချိတ် ဆက်အသုံးပြုခြင်းများအတွက် ဒေ တာအသုံးပြုရာတွင် လုပ်ငန်းအမျိုး အစားပေါ်မူတည်၍ Data Usage အမျိုးမျိုးဖြင့်ရောင်းချနိုင်ရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်၍ KDDI မှ မစ္စတာ Tajima က ”ဒီနိုင်ငံမှာ အဓိကလိုအပ်နေတာကတော့ နက် ဝပ်ခ်ပိုင်းပေါ့။ ရှိပြီးသားနက်ဝပ်ခ်ပိုင်း ကို တိုးချဲ့ပြင်ဆင်ရုံပဲဖြစ်တဲ့အတွက် တခြားအော်ပရေတာတွေထက် အား သာချက်တွေရှိနိုင်မှာပါ။ ဂျပန်မှာပေး နေတဲ့ဝန်ဆောင်မှုတွေအတိုင်း KDDI က အင်တာနက်နဲ့ နက်ဝပ်ခ်ပိုင်းပြ ဿ နာကိုဖြေရှင်းမယ်”ဟုပြောသည်။
လက်ရှိတွင် ဆက်သွယ်ရေးသ တင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ကြိုဖုန်းများကို တိုင်း နှင့် ပြည်နယ်အသီးသီး တွင် ဈေးနှုန်း များလျှော့ချရောင်းချပေးနိုင်ရန် လွှတ် တော်မှတစ်ဆင့် ဖြေကြားခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်နေ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးအောင် ဝင်းက ”အခုကတော့မိုဘိုင်းဖုန်းတွေ ပဲသုံးတာများတာပေါ့။ အင်တာနက် သုံးလဲ မိုဘိုင်းဖုန်းကနေ သုံးတယ်။ အိမ်တိုင်းကတော့ ကြိုးဖုန်းတွေရှိမယ် ဆိုရင်တော့ အဆင်ပြေတာပေါ့။ အ ရည်အသွေးလဲကောင်းမယ်။ အားလုံး တတ်နိုင်တဲ့ဈေးဆိုရင် ပြည်သူတွေ ကသုံးမှာပါပဲ”ဟု ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ အော်တိုကြိုးဖုန်း များကို ၂၀၁၁ခု နှစ်က ကျပ် ခြောက်သိန်းဖြင့် အရစ် ကျပေးချေသည့်စနစ်ဖြင့် မြို့နယ်အ လိုက် ရောင်းချပေးခဲ့ခြင်းများရှိပြီး လက်ရှိတွင် ပုဂ္ဂလိကကုမ္ပဏီများကို မြို့နယ်နှစ်မြို့နယ်၌ လိုင်းနှင့်ပတ် သက်၍ ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန် လွှဲပြောင်းလုပ်ကိုင် ခွင့်ပြုထားကြောင်းသိရသည်။

Ref & Credit to : Yangon Media Group

Friday, July 18, 2014

၎.၇ လက်မအရွယ် iPhone 6 ကို ဇူလိုင်လကုန်တွင်စတင်ထုတ်လုပ်မည် ၄.၇ လက်မအရွယ် iPhone 6 ကို ဇူလိုင်လကုန်တွင်စတင်ထုတ်လုပ်မည်

Apple ရဲ့ iPhone ကိုယ်ထည်အစိတ်အပိုင်းများကိုတပ်ဆင်ထုတ်လုပ်ပေးနေသည့် တရုတ်နိုင်ငံမှ Foxconn ကုမ္ပဏီသည် ၄.၇ လက်မအရွယ် iPhone 6 ကို ဇူလိုင်လကုန်တွင်စတင်တပ်ဆင်ထုတ်လုပ်မည်ဖြစ်ကြောင်း  Reuters သတင်းဌာန၏အဆိုအရ သိရသည်။ နောက်ထပ် iPhone 6 Model တစ်မျိုးဖြစ်သည့်  Screen size ၅.၅ လက်မ အရွယ်အစားရှိမည့် iPhone 6 ကိုမူ သြဂုတ်လ ဒုတိယပတ်တွင်စတင်တပ်ဆင်ထုတ်လုပ်သွားမည်ဟုဆိုသည်။ Foxconn ကုမ္ပဏီသည် iPhone 6 တပ်ဆင်ထုတ်လုပ်ရေးအတွက် အလုပ်သမားဦးရေ တစ်သိန်းခန့် ငှားရမ်းအသုံးပြုသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

Facebook က Celebrities တွေအတွက် Facebook Mention အမည်ရ app အသစ်ကိုထုတ်လုပ်

Facebook က နာမည်ကျော်အနုပညာရှင်များ ၊ Facebook ပေါ်မှာလူသိထင်ရှားသူများ ၊ လူသိထင်ရှားသည့် Facebook Page များအတွက်ရည်ရွယ်၍ Facebook Mention အမည်ရ app အသစ်ကိုထုတ်လုပ်လိုက်ပြီဖြစ်သည်။  ဒီ Facebook Mention app ရဲ့ထူးခြားချက်ကတော့ သာမန် Facebook app နှင့်မတူဘဲ ကိုယ့်ကို Mention တပ်ပြောဆိုထားသော Post များကိုသာသီးသန့်မြင်တွေ့ရမှာဖြစ်ပါတယ်။ Facebook Mention app ကိုအသုံးပြုမည့် Facebook စာမျက်နှာများအနေဖြင့် Facebook Verified သတ်မှတ်ခံရပြီးသည့် Facebook စာမျက်နှာများအတွက်သာအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ Facebook Mention app ကို iOS Platform တစ်မျိုးတည်းအတွက်သာရရှိနိုင်ကြောင်းကို Facebook မှပြောကြားထားသည်။ Facebook Mention v1.0 for iPhone ကိုအောက်က link မှာရယူနိုင်ပါတယ်။


Android Rooting ဘယ်လိုလုပ်သလဲ

ANDROID ROOTING
~~~~~~~~~~~~~~~~~~~~~~~~~~~~
Android root လုပ်တယ်ဆိုတာ မလွယ်ဘူး ဆိုပေမယ့် သဘောသဘာဝနဲ့ နည်းလမ်းကို သိသွားရင်တော့ မခက်ခဲတော့ပါဘူး၊ ဒါပေမယ့် Android Root လုပ်တဲ့ အခါ ဖြစ်ပျက်သွားတဲ့ နောက်က Process ကတော့ အတိအကျသိဖို့ ခက်ခဲသလို စိတ်ဝင်စားစရာလဲ အလွန်ကောင်း လှပါတယ်၊
Rooting အကြောင်းကို ပြောမယ်ဆိုရင် အာရုံကို နောက်စေမယ့် Flashing တို့ Custom ROMs တို့ WIFI ဖွင့်တာတို့ Superuser.apk သွင်းတာတို့ကို ခဏမေ့ထားကြရအောင်၊ ဖုန်းတွေကို ဘာကြောင့် Root လုပ်တာလဲ၊ အဓီက အကြောင်းအရင်းက Android System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကို လိုသလို ထိန်းချုပ်လို့ရနိုင်မယ့် အခွင့်အရေးရချင်လို့ပါ၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access ရတယ်လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကို စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File System ထဲမှာ အဓိက ပါဝင်တဲ့ အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့ Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့ ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူး ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (Hyper Text Transfer Protocol) DHCP (Dynamic Host Configuration Protocol) (သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ အသုံးပြုနိုင်ပါပီ၊ Android System ရဲ့ လုပ်ဆောင်မူတွေထဲက ရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrary commands တွေလဲ အသုံးပြုနိုင်သွားပါတယ်၊ အခြားအခြား အခြား သော အချက်တွေအများ အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Root လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ Rooting လုပ်တယ်လဲခေါ်ပါတယ်၊
ကုမ္မဏီတွေက ထုတ်တဲ့ OEM Android Build တွေက ပုံမှန်အားဖြင့် ကျွန်တော်တို့ကို root တွေလို arbitary code တွေကို သုံးခွင့်ပြုမှာမဟုတ်ပါဘူး၊ ဆိုလိုတာကတော့ ကိုယ်ဝယ်ထားတဲ့ ဖုန်း ကို ကိုယ်က အကန့်အသက်နဲ့ ပဲသုံးခွင့်ရှိတယ်ပေါ့၊ ထုတ်လုပ်တဲ့ ကုမ္မဏီတွေက မနှစ်မြို့တဲ့ applications မျိုး (Third party appi တွေကိုဆိုလိုပါတယ်) ကိုတော့ Android ဖုန်းမှာ သုံးခွင့်ရှိမှာမဟုတ်ပါဘူး၊
ဥပမာ WiFi sharing ကိုကြည့်ပါ၊ Cell Phone ထုတ်လုပ်သူတွေက ငွေပိုထပ်လိုချင်တဲ့ အတွက် ဖုန်းတွေမှာ WiFi share လုပ်ခွင့်မပေးထားပါဘူး၊ လိုချင်ရင်တော့ ငွေထပ်ပေးရပါတယ်၊ ဒါ့ကြောင့် ဖုန်းတွေအများစုက proprietary WiFi pre-packaged တွေနဲ့လာတာပါ၊ လိုချင်ရင် ငွေပိုပေးဝယ်ရပီပေါ့၊ ဒီလိုငွေပေးရတဲ့ WiFi pre-packaged အစား အခမဲ့ရတဲ့ Wireless Tether ကိုသုံးလို့ရပါတယ်၊ ဒါပေမယ့် Root access တော့ ရှိဖို့လိုပါတယ်၊
Bootloader and Recovery
Android power စဖွင့်တာနဲ့ အလုပ်လုပ်တဲ့ Bootloader ကုတ်က Android OS ကို RAM ထဲမှာ ၀န်တင်ပီး အလုပ်လုပ်စေပါတယ်၊ ဒီ့ အပြင် Bootloader ရဲ့ အခြား ထင်ရှားတဲ့ အလုပ်နှစ်ခုကတော့ Recovery System ကို RAM မှာ ၀င်တင်ပီး အလုပ်လုပ်စေနိုင်ခြင်းနဲ့ ROM အသစ်ကို Flash လုပ်နိုင်ခြင်းပါပဲ၊ ROM အသစ်ကို Flash လုပ်တာကို Flashing လို့ခေါ်ပါတယ်၊
Arbitrary ROMs ကို Flash လုပ် နိုင်တဲ့ Bootloader ကို lock ပွင့် သွားတဲ့ Bootloader လို့ခေါ်ပါတယ်၊ ဒါပေမယ့် Bootloader တွေအားလုံးကတော့ lock ပွင့်နေမှာ မဟုတ်ပါဘူး၊ ကုမ္မဏီတိုင်းက သူတို့စိတ်ကြိုက်ထိန်းချုပ်ထားတဲ့ software ထိန်းချုပ်မှူတွေအောက်မှာ ပဲ သူတို့ ဖုန်း အသုံးပြုသူတွေကိုရှိစေချင်ပါတယ်၊ ဒါ့ကြောင့်လဲ Software ထိန်းချုပ်မှူတွေကို ကန့်သက်မဲ့ ပယ်ဖျက်နိုင်တဲ့ Root access ရမယ့် လမ်းကြောင်းဖြစ်တဲ့ Booloader ကို Locked ချပီး ဖုန်းတွေကို ရောင်းကြတယ်၊ Bootloader သာလျှင် Custom ROMs ကို Flash လုပ်နိုင်မှာ ဖြစ်တဲ့ အတွက် Bootloader ကို လော့ခ်(locked) ချထားမှတော့ Custom ROMs ထည့်သွင်းလို့မရဘူးပေါ့၊ ဒါ့ကြောင့်ပဲ အသုံးပြုသူတွေက Stock ROMs အစား ထိန်းချုပ်မှူကင်းမဲ့တဲ့ Custom ROMs ကို ထည့်သုံးဖို့ နည်းမျိုးစုံနဲ့ Hack ဖို့ကြိုးစားကြပါတယ်၊
တစ်ချို့ဖုန်းတွေကြတော့လဲ လွယ်ပါ ကီးလေး နှစ်ခု (သို့) သုံးခုလောက်ပေါင်းနှိပ်ပီး ဖုန်းကို ကွန်ပြူတာနဲ့ချိတ် ကြိုက်တဲ့ Custom ROMs ကို Flash လုပ်လိုက်ရုံပါပဲ၊ တစ်ချို့ ဖုန်းများကြတော့လဲ Bootloader က nvflash ရဲ့ ကဏ္ဍအထိ လိုက်ထိန်းချုပ်ထားတယ်ဗျာ SBK လို့ခေါ်တဲ့ Secure Boot Key ကိုသိမှ lock ဖွင့်လို့ရတယ်တဲ့၊ SBK ဆိုတာ ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူတဲ့ AES key (Advanced Encryption Standard) တွေကို သုံးပီး Bootloader ကို encrypt လုပ်ထားတဲ့ Command တွေပေးပို့တယ်၊ အဲ့ဒီ့ command တွေကို Bootloader က decrypte လုပ်ပီးလက်ခံတယ်စစ်တယ်၊ စစ်တာမှန်မှ အလုပ်လုပ်တယ် ဟူး…………….
အခု System recovery အကြောင်းကိုပြောရအောင်၊ System recovery ဆိုတာကတော့ Bootloader နဲ့ System တို့ပီးရင် Android File System ရဲ့ တတိယ နေရာဖြစ်တဲ့ Recovery မှာတသီးပုဂ္ဂလ အလွှာ (partition) မှာရှိမယ့် low-level ကုတ်တွေကို ညွန်းတာပါ၊ (ခုက စိတ်ကူးနဲ့ ပြောနေသလိုဖြစ်နေလို့ မိတ်ဆွေတို့ နားလည်ရခက်မယ် မပူနဲ့ နက်ဖြန် ကျွန်တော် Android File System ကို ပုံ နဲ့ အသေးစိတ် ရှင်းပြမယ်)၊ Volumn Key တို့ Power Key တို့ကို သက်ဆိုင်ရာ ဖုန်းအလိုက် တွဲနှိပ်ပီး System Recovery ကို ခေါ်နိုင်ပါတယ်၊ System Recovery က low-level ကုတ်တွေဖြစ်ပီး Linux နဲ့ Android Userland တို့နဲ့ လုံဝ ကင်းလွတ်စွာ ရပ်တည်နိုင်တဲ့ Primitive OS တစ်ခုဖြစ်ပါတယ်၊ root access တွေဘာတွေမရှိဘူး၊ Stock System Recovery အလုပ်လုပ်တဲ့ အခါမှာ ထုတ်လုပ်တဲ့ ကုမ္မဏီပေါ်မူတည်ပီး ကွဲပြားမှူတွေရှိပါတယ်၊ ပုံမှန်အားဖြင့်တော့ File System ထဲက data အလွှာကို ကို Format ချမယ်၊ extrenal microSD Card ထဲက Zip ဖိုင်ကိုဖြေပီး ROM ကို Update လုပ်မယ်၊ ဒီမှာ Custom ROMs ထည့်သုံးဖို့ လမ်းကြောင်း အသစ်တွေ့ပီဆိုပီး ပျော်မသွားပါနဲ့ အုံး Upadate လုပ်တဲ့ ROM က ထုတ်လုပ်တဲ့ ကုမ္မဏီရဲ့ အထူး သတ်မှတ်ချက်ပါတယ (signature ပါတာကို ဆိုလိုပါတယ်) ၊ ဒီတော့ System Recover လုပ်ပီဆိုတာနဲ့ Stock ROM ကို Upadte လုပ်တယ်၊ အလွှာ ၆ ခုမှာပါတဲ့ system အလွှာ , Data အလွှာ , Cache အလွှာ , Misc (miscellaneous system) အလွှာတွေကို ပြန်ပီးသိုလှောင်ပါတယ်၊ ပြန်ဖြည့်တဲ့သဘောဗျာ၊ ClockworkMod Recovery ကတော့ third-party recovery image ကိုသုံးပီး Arbitary ROMs ကို Flash ခြင်း backup လုပ်ခြင်း partitions (အလွှာ) ပြန်တည်ဆေက်ခြင်း တွေလုပ်ရာမှာ နာမည်ကြီးပါတယ်၊ (ClockworkMod Recovery အကြောင်းနောက်ပိုင်းမှ အသေးစိတ်လာမယ်)၊
ADB ကို Android နဲ့ ကွန်ပြူတာချိတ်ဆက်ပီး အချို့ အလုပ်တွေအတွက် အသုံးပြုပါတယ်၊ ဒီအလုပ်အချို့ထဲက အသုံးများတဲ့တစ်ခုကတော့ ADB Shell Command ကိုသုံးပီး Android Phone ပေါ်မှာ Shell ကို ပေါ်စေတာပါပဲ၊
Shell process အလုပ်လုပ်အောင် ဘယ်လို commands ကို user ကအသုံးပြုလဲ၊ ဒီနေရာမှာ ro.secure လို့ခေါ်တဲ့ Android System property တန်ဖိုးက အရေးကြီးလာပါတယ်၊ (Android System property တန်ဖိုး ကို ADB shell က တဆင့် getprop ro.secure လို့ ရိုက်ထည့်ပီးဖြစ်စေ၊ ဖုန်းရဲ့ terminal emuloator မှာ ရိုက်ထည့်ပီးဖြစ်စေရှာနိုင်ပါတယ်၊ အကယ်၍ ro.secure=0 ဆိုတဲ့ တန်ဖိုးရရင်တော့ ADB shell က ရေးတဲ့ commands တွေကို root user အနေနဲ့ ဖုန်းမှာ Run ပေးပါလိမ့်မယ်၊ ဒါမှမဟုတ်ပဲ ro.secure=1 ဆိုရင်တော့ ADB shell က ရေးတဲ့ commands တွေကို unprivileged user အနေနဲ့ ဖုန်းမှာ Run ပေးပါလိမ့်မယ်၊ အကယ်၍ ro.secure=0 တွေပဲ အမြဲ တွေ့နေရရင်တော့ အိုကေ ပီပေါ့ဗျာ ဒါပေမယ့် ဒီလောက်တော့ ဘယ်လွယ်ပါ့မလဲ stock OEM တွေမှာ ro.secure=1 ပဲ တွေ့ရမှာပါ၊ ကိုယ့်ဘာကိုပြောင်းဖို့တော့ မတွေးပါနဲ့ဗျာ ဒီလောက်လဲ မလွယ်ဘူးလေ၊ ဒီတန်ဖိုးကို boot time စမှတ်ကတည်းက root directory ထဲ့ default.prop ဖိုင်ထဲမှာ သတ်မှတ်ထားတာ၊ ဒီ root directory ဆိုတာကလဲ internal storage ရဲ့ boot ထဲက ကောင်ပီကူးယူထားတာဗျာ၊ ဒါပေမ.့် partition ထဲမှာတော့ root မလုပ်ရသေးဘူးဆိုရင် ၀င်ရေးနိုင်တယ်၊ ပြောချင်တာက ADB ကနေ တန်ဖိုးပြောင်းတာကို လက်မခံရင် Boot မစတင်ကတည်းက Root access ဖြစ်အောင် လုပ်ထားဖို့လိုတာပေါ့၊ ဒါပေမယ့် ဒီ့ အတွက်လုံးခြုံရေးကလဲ ရှယ်ကျော်ဖြတ်ဖို့လိုပါတယ်၊
Android UI
privileged user ဆိုတာက Root access နဲ့ Run နေတဲ့ program မှန်သမျှကိုခေါ်တယ်၊ Unprivileged_user ကတော့ Root access နဲ့ Run တာမဟုတ်တဲ့ program တွေကိုခေါ်တယ်၊
Android System မှာ ကျွန်တော်တို့ Run သမျှ အလုပ်လုပ်နေတာ မြင်ရသမျှ ရေး ထိ အသုံးပြုနိုင်သမျှ Applications တွေအားလုံးက un_privileged user အနေနဲ့ Sandboxes ထဲမှာ Run နေတာပါ၊ ပြောချင်တာက ကျွန်တော်တို့ Run နေတဲ့ Unprivileged Program တွေက privileged Program တွေကို အလုပ်မခိုင်းနိုင်ဘူး စတင်အလုပ်လုပ်အောင် မခေါ်နိုင်ဘူးပေါ့ (ဥပမာ privileged function တစ်ခုကို un_privileged app ထဲက function တစ်ခု က စတင်စေလို့မရဘူးပေါ့၊ ဒီလို un_privileged app ထဲက function က privileged function တစ်ခုကို ခေါ်နိုင်ရင်ဖြင့် လိုချင်တာ အားလုံးဖြစ်ပီပေါ့ဗျာ၊ နောက်တစ်ချက်က root access နဲ့ run နေတဲ့ privileged function တစ်ခုက အခြား program တစ်ခုကို root access အနေနဲ့ကော unprivileged user အနေနဲ့ ပါလှမ်းခေါ်သုံးနိုင်တယ်၊ Linux မှာတော့ privilege escalation တွေကို su နဲ့ sudo program တွေကတစ်ဆင့် ခေါ်တယ်၊ su နဲ့ sudo တို့က setuid(0) လို့ခေါ်တဲ့ system ကို Run စေနိုင်တဲ့ programs တွေပါ၊ setuid(0) System က အလုပ်လုပ်နေတဲ့ program တစ်ခုကို unprivileged user အဆင့်ကနေ root access နဲ့ ပြောင်းပီး Run ခိုင်းနိုင်ပါတယ်၊ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ root access လိုတယ်ဆိုတဲ့ Applications တွေက တကယ်တော့ အခြား binaries package ပါဝင်တဲ့ program တွေကို su က တဆင့် ခေါ်ပီး သုံးဖို့လိုလို့ပါ၊ Stock OEM ROMs တွေက ဘယ်တော့မှ su မပါလာပါဘူး၊ su က ဒေါင်းလုပ်လုပ်လို့လဲမရဘူး ကော်ပီကူးယူလဲ မရဘူးလေ၊ su ကိုသုံးဖို့ အတွက် SUID bit set ရှိဖို့လိုတယ်၊ SUID bit set က privilege root access နဲ့ Run ခွင့်ရှိတဲ့ Program တွေကိုညွန်ပြတယ်၊ root access မရှိရင် SUID bit ကို လဲ program တစ်ခုကို root access နဲ့ Run စေဖို့ ညွန်ပြနိုင်အောင်မလုပ်နိုင်ပါဘူး၊
ဒီတော့ Android ထိတွေ့ အသုံးပြုလို့ရသမျှ unprivilege user application တွေက privileged access ကို မရနိုင်ဘူး (သို့) privileged mode နဲ့ အလုပ်မလုပ်နိုင်ဘူး၊ privileged mode နဲ့ Run နေတဲ့ အခြား Program တစ်ခုကိုလဲ စတင်အောင်ခေါ်လို့မရဘူး၊ Android System (lift circle) တစ်ခုလုံးတောင်မှာ တကယ်တော့ privilege escalation attempts နဲ့ အလုပ်လုပ်နေတာမဟုတ်ပါဘူး၊
Hacking the system
ဒါဆို Android ဖုန်းကို ဘယ်လို Root လုပ်မလဲ၊ အထက်က လုံခြုံရေး အတွက်သုံးတဲ့ ဗျူဟာတွေကိုသဘောပေါက်သွားပီဆိုရင်ဖြင့် လုံခြုံရေးဗျူဟာမှာ အသက်သွင်းထားတဲ့ Component တစ်ခုစီကို တန်ပြန်တိုက်ခိုက်နိုင်ပါပီ၊ ဥပမာ Samsung Phone က Blootloader ကို Flash လုပ်ခွင့်ပြုတယ်ဆိုတယ်ဆိုပါတော့ ဒါဆိုရင် လိုအပ်တဲ့ တစ်ယောက်က Stock ROM ကို ဖုန်းရဲ့ disk drive ကနေပီး ကူး sudo ထည့် Modified လုပ်မယ့် ROM ထဲကို package အဖြစ် ပြန်တည်ဆောက် ဖုန်းကို့ Hardware keys ပေါင်းနှိပ်ပီး Flash Mode ကနေ ၀င် ပီး Modified ROM ကို flash လုပ်လိုက်၊ အကယ်၍ ro.secure ကို 1 မပေးထားရင်ဖြင့် root လုပ်ရတာ ပိုတောင်လွယ်တယ်၊ ဖုန်းကို Computer နဲ့ ချိတ် ADB ကို run ဒါဆိုရင် ဘယ် program ကိုမဆို Root access လို့ run ပေးနိုင်တဲ့ shell ရပီ၊ ဒီတော့ /system ကို readwrite access ဖြစ်အောင် ပြောင်း su ကို install လုပ် ပီးပီ၊
ဒါပေမသည့် Android သုံး Devices တွေအားလုံက အထက်က ပြောသလောက်တော့မလွယ်ဘူး၊ bootloader ကို locked ချထားတယ် ro.secure ကိုလဲ set ထားတယ်၊ ဒါ့ကြောင့် unprivileged program တွေနဲ့သာလျှင် ဆက်သွယ် အသုံးပြုနိုင်တယ်၊ privileged ဖြစ်မယ့် ကုတ်တွေတော့ Run လို့မရဘူး၊ ဒါဆို ဘယ်လိုလုပ်မလဲ၊
အရေးကြီးတဲ့ program မှန်သမျှက Hardware တွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပီး ခိုင်းစေဖို့ အတွက် root access အနေနဲ့ Run ရပါတယ်၊ ဒီတော့ Hardware တွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ low-level System service တွေကိုတော့ Root Access အမြဲ ဖွင့်ပေးထားရတယ်၊ ဒါက ဘယ် ဖုန်း ဘယ် ကွန်ပြူတာမဆို ပါ၊
မနေ့က ဆောင်းပါးမှာ Linux Tag က linux kernel image ကို RAM ပေါ်မှာ ၀င်တင်ပီးတော့ Kernel စတင်အလုပ်လုပ်တာနဲ့ System File ထဲက ‘init’ ဖိုင်ကိုရှာပီး System စတင်ဖို့အတွက် root process ကိုစတင်တယ်၊ ဒီမှာ Root Process ဆိုတာကိုမိတ်ဆွေတို့တွေ့ရမယ်၊ init က သူ့ထဲက functions တွေကို စတင်အလုပ်လုပ်စေမယ်၊ Kernel ရဲ့ init ဖိုင်ကို Run တဲ့ အခါ privileged process ဖြစ်ဖို့အတွက် Root Access နဲ့ Run ရတယ်၊ ဒီအချက်ကို အခြေခံပီးတော့ one-clickroot တို့ z4root တို့ ကို လုပ်ထားတာပါ၊ System process က root access အနေနဲ့ Arbitary code ကို Run နေတဲ့ အခါမှာ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ လမ်းစပေါ်လာပါတယ်၊ အကြောင်းက Arbitary code က system စတင်ဖို့ အတွက် read-write mode နဲ့ su ကို install လုပ်ထားတဲ့ ကုတ်ဖြစ်လို့ပါ၊ Android က Linux လို Open Source ဖြစ်တဲ့ အတွက် များစု က System Services တွေအားလုံးထဲက လုံးခြုံရေးကို ၀င်ပီး ဖြတ်နိုင်မယ့် ထိုးဖောက်နိုင်မယ့် လမ်းကို ရှာကြပါတယ်၊ လမ်းကြောင်းရှာတွေ့သွားလဲ မလွယ်ပါဘူး Google နဲ့ သက်ဆိုင်ရာ အဖွဲ့တွေက မနည်းရှာထားရတဲ့ လမ်းကြောင်းကို ပေါက်ပီလို့ကြားတာနဲ့ လိုက်လိုက်ပိတ်ပစ်တာလေ၊ ဒီတော့ Version အသစ်ထွက်တိုင်း လုံခြုံရေးတွေပိုကောင်းလာတာပေါ့၊ အရင်ရထားတဲ့ လမ်းကြောင်းလေးတွေပိတ်ပိတ်သွားတာပေါ့၊ ဒါပေသည့် OTA Update ကိုတော့ ပိတ်လိုက်ရအောင် Google အပါအ၀င် အခြား Android ထုတ်လုပ်သူတွေက မကြောင်ကြသေးပါဘူး သူတို့လဲ အဲ့ဒီ့လောက်တော့ ငွေမပေါဘူးလေ၊ ဒီတော့ကာ အသစ်ထွက်လာတိုင်းလုံခြုံရေး အဆင့်ပိုမြင့်လာမယ်၊ ထိုးဖောက်ထဲ သူတွေကလဲ rooting လုပ်ဖို့ ရရာ နည်းလမ်ကို အစွမ်းကုန်ရှာကြမယ်ပေါ့၊
low-level Programming လေ့လာဖူးသူတွေအနေနဲ့ Kernel ရဲ့ init ဖိုင်ကို သေချာ မွှေနောက်ကြည့်ရင်ကော…………………………
Android ဖုန်းလို့ပြောပေးမယ့် Android သုံးသမျှ အခြား Devices (ပစ္စည်းတွေ) အားလုံးကို ညွန်းပါတယ်၊
ဒီပိုစ့် ကို pdf အနေနဲ့ ဒေါင်းလုဒ်လုပ်ချင်ရင် အောက်က လင့်မှာ ဒေါင်းပါ။
freemovietagdownload
ဒီသင်ခန်းစာ မှာ နားမလည်နိုင်စရာ အသုံး အနှုံးတွေပါသွားနိုင်ပါတယ်၊ စာလုံး အသစ်တွေပါသွားနိုင်ပါတယ်၊ ဒီ့ အတွက်ကျွန်တော်တို့ တစ်ခုစီ ကို ဆောင်း ပါး အနေနဲ့ပြန် ရေးပေးသွားမှာပါ၊ တနေ့တစ်ခုကိုသေချာလိုက်ဖက်ရင် တဖြည်းဖြည်းတော့ရှင်းသွားမှာပါ၊ လိုအပ်တဲ့ File System တွေအကြောင်း low-level programming ဆိုတာဘာလဲ mid-level programming ဆိုတာဘာလဲ ၊ hight-level programing ဆိုတာ ဘယ်ဘာသသာရပ်တွေကို ခေါ်သာလဲ ဘယ်လို compile လုပ်လဲ စသဖြင့် နောက်ပိုင်း ပိုစ်တွေမှာ ရေးပေးသွားပါမယ်၊ သက်ဆိုင်ရာ အခန်းအလိုက်ရှင်းသွားမှာမို့ လက်တစ်လော စာလုံး အခက်အခဲ ရှိရင် သည်းခံပီးပဲဖတ်ထားစေချင်ပါတယ်။
Credit & Ref ;  BrighterMyanmar အဖွဲ့ { brightermyanmar@gmail.com }

Adblock Plus (For PC, Apple, Android)

adblock_plus_large_verge_medium_landscape
Adblock Plus ဆိုတာလေးကတော့ ကျနော်တို့ Mobile ဖုန်းတွေမှာ App တွေ Games တွေ အစရှီသဖြင့် ဘာတွေကို install
လုပ်လုပ် Google Ads ကြော်ငြာတွေက တွေကပါလာတယ်ပါတယ်။ အဲ့ Google Ads ကြော်ငြာတွေ မဝင်နိုင်အောင် Block ပေးမဲ့
App လေးပဲဖြစ်ပါတယ်။ Adblock Plus ရဲ့ Block ပေးမဲ့ အကြောင်းအရာတွေကတော့ blocks: mobile ads, video
advertising, banners, push notifications, display advertising, HTML5 advertising နှင့် များစွာသော
မျက်စီနောက်စရာများကို ဖယ်ရှားပြီး Block ပေးမှာဖြစ်ပါတယ်။ Root လုပ်ထားတဲ့ဖုန်းတွေမှာ Adblock Plus
ကိုသွင်းထားခြင်းဖြင့် wifi နှင့် 3G မှာအလုပ်လုပ်ပြီး Root မလုပ်ထားတဲ့ ဖုန်းတွေအတွက်ဆိုရင်တော့ Android 4, Android 3
version တွေမှာဆိုရင်တော့ Wifi ကော်နက်ရှင်ရဲ့ Ads တွေကိုသာ block လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ Adblock Plus
v1.2.1.331 သည် 2014-07-15 မှာထွက်ရှီခဲ့ခြင်းဖြစ်ပါသည်။ Mobile User များအသုံးပြုနိုင်ရန် တက်ဆက်ပေးလိုက်ရပါသည်။
For Fire Fox
freemovietagdownload
For Opera
freemovietagdownload
For Android
freemovietagdownload
For IOS
freemovietagdownload
Ref ; Commaspaces.com
အားပေးနေသော Mobile User အားလုံးကို အစဉ်လေးစားလျက်ပါ။

Spartan blood Game For IOS

Genres: RPG
Features: 3D
RPG Game အမျိုးအစားတွေကို နှစ်သက်တယ်ဆိုရင်တော့ ဒီ Game လေးကိုလဲ နှစ်သက်မယ်လို့ထင်ပါတယ်။
3D ရုပ်ထွက်နဲ့ ဆိုတော့ကစားရတာ ပိုပြီးကောင်းမှာပါ။ Offline Game ဖြစ်တာကြောင့် အဆင်ပြေကြမှာပါ။
File size ကတော့ များပါတယ်။ IOS Crack Game ဖြစ်တာကြောင့် JailBreak Devices များတွင်သာ
ကစားနိုင်မှာဖြစ်ပါတယ်။ စိတ်ဝင်စားမယ်ဆိုရင်တော့ Download ရယူလိုက်ပါ။
2_spartan_blood 3_spartan_blood
freemovietagdownload
အားပေးနေသော Mobile User အားလုံးကို အစဉ်လေးစားလျက်ပါ။

We Chat v 5.3.1 … For Android

wechat-for-android
 ကဲ We Chat သုံးတဲ့ ဘော်ဒါတွေ အတွက် update version 5.3.1 လေးကို
ဝေမျှပေးလိုက်ပါတယ် We chat ကတော့ social app တွေထဲမှာလည်းတော်တော်အသုံးဝင်ပါတယ်
wechat-android-nokia-iphone
Feature ပေါင်း များစွာ ပါဝင်သလို ယခုဆို မိမိဖုန်းနံပါတ်ကနေ တခါတည်းလျောက်နိုင်ပါပြီ
အသုံးပြုချင်တယ်ဆိုရင်အောက်မှာရယူနိုင်ပါတယ်
download

Page Manager v 5.0 ……For Android

Facebook  မှာ Page ရှိတဲ့ ဘော်ဒါတွေအတွက်  မိမိရဲ့ Page ကို အလွယ်တစ်ကူ
Manage လုပ်လို့ရမယ့် Application ကောင်းလေး တစ်ခုဖြစ်ပါတယ်
Update version ဖြစ်ပြီး Bugs တွေကို Fix လုပ်ထားပါတယ်
အသုံးဝင်တဲ့ သူတွေကတော့ အောက်မှာ ရယူနိုင်ပါတယ်
download

Race of Champions Game For Android

Genres: Racing
Features: 3D, Online

Game description: Race of Champions

Race of Champions - is an unusual racing simulator constructed as a shoot out championship. Actions of the game happen on racing routes of Germany. Now you will be able to compete with the greatest champions from all over the world. In the game there is tremendous graphics, the smallest details of cars and the district are accurately traced. You are waited for by real racing routes. Highway and off road terrain are very precisely copied. There’re some modes of game: championship mode, duel mode, time mode.
Racing Game တွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ဒီ Game လေးကိုကြိုက်နှစ်သက်မှာပါ။
app + data game အမျိုးအစားပါ။ 3D ရုပ်ထွက်နဲ့ဆိုတော့ အကြိုက်တွေ့စေမှာပါ။
ကစားချင်ရင်တော့ Download ရယူလိုက်ပါ။
1_race_of_champions 2_race_of_champions 3_race_of_champions 4_race_of_champions
download
freemovietagdownload 
freemovietagdownload
အပေါ်က Download Link က apk ပါ။  {13.4 MB ရှိပါတယ်။ }
အောက်က Download Link က data file ပါ။ {195.8MB ရှိပါတယ်။ }

Google Play Store က အကောင်းဆုံး Reviews တွေတင်ဆက်ပေးမယ့် Play Board v3.0.3

Games & App တွေထဲက  အကောင်းဆုံးလေးတွေကို တင်ဆက်ပေးမှာပါ
မိမိတို့ မသိသေးတဲ့ application ကောင်းလေးတွေကိုလည်းရရှိနိုင်မှာပါ Mobile နည်းပညာနဲ့ မပြတ်ရှိချင်တဲ့ သူတွေ
ဆောင်ထားသင့်တဲ့ Application ကောင်းလေးပါ
လိုချင်တယ်ဆိုရင်အောက်မှာရယူနိုင်ပါတယ်
download 1
အဆင်ပြေပါစေ

Thursday, July 17, 2014

Battery Doctor v 4.10.1 for android(latest version)

Android phone/tablet ကိုင်ဆောင်သူများအတွက် လူသုံးများပြီး အကြိုက်တွေ့ကာ တကယ်လည်း စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ မိမိတို့ဖုန်း/tablet ကို အကျိုးပြုပေးနိုင်တဲ့ Battery doctor နောက်ဆုံးဗားရှင်းကိုတင်ပေးလိုက်ပါတယ်။Android & IOS ဖုန်းကိုင်ဆောင်ထားတဲ့ users ပေါင်း150သန်းကျော်သုံးစွဲထားမှုကို ဒီဆော့ဝဲလ်ဘယ်လောက်ကောင်းတယ်ဆိုတာပြသနေသလိုပါပဲ။ဖုန်း/tablet ရဲ့ ဘက်ထရီပိုင်းနဲ့ပတ်သတ်ပြီး ဒီဆော့ဝဲလ်လေးထည့်ထားမှ အားပိုခံပါတယ်ဆိုတဲ့အသံတွေလည်း ကြားလာရတာကြောင့် အများသူငှာသုံးစွဲနိုင်စေဖို့တင်ပေးလိုက်ပါတယ်။ဘက်ထရီနဲ့ပတ်သတ်ပြီးအသုံးချနိုင်သလို ဖုန်းရဲ့ wifi,internet,bluetooth,စတဲ့ toogles များကိုလည်း home screen မှာ widget အဖြစ်သုံးပြီးလိုအပ်ရင် Task Killer လိုဆော့ဝဲလ်မျိုးလေးပါ အပိုလက်ဆောင်ထည့်ပေးထားပ့ါတယ်သေးတယ် အသုံးပြုလိုသူများအောက်မှာရယူလိုက်ပါတယ်။
ဆော့ဝဲလ်အားရယူရန်

မန်မာ့ ဆက်သွယ်ရေးက အော်ရီဒူး၊ တယ်လီနောနှင့် ပြိုင်မည်ဟု ပြော

သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) က မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှု အော်ပရေတာ လိုင်စင် ရရှိထားသော အော်ရီဒူးကုမ္ပဏီနှင့် တယ်လီနော ကုမ္ပဏီတို့နှင့် အပြိုင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ကြောင်း MPTမှ မန်နေဂျာ ဦးခင်မောင်ထွန်းက ပြောဆိုလိုက်သည်။
နေပြည်တော်တွင် ဇူလိုင်လ ၁၆ ရက်နေ့ ကျင်းပသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)နှင့် ဂျပန်ကုမ္ပဏီ ၂ ခုဖြစ်သော KDDI ကုမ္ပဏီ၊ Sumitomo Corporation တို့နှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ လက်မှတ် ရေး ထိုးပွဲအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်းဖြစ်သည်။
“အခုထက် ပိုကောင်းတဲ့  ၀န်ဆောင်မှုတွေပေးနိုင်အောင် ကျနော်တို့ ပူးပေါင်းတာပါ။ လိုင်စင်ရထားတဲ့ ကုမ္ပဏီတွေနဲ့ အပြိုင် ၀န်ဆောင်မှုတွေပေးနိုင်ဖို့ ကျနော်တို့ အပြည့်အ၀ ယုံကြည်တယ်” ဟု ဦးခင်မောင်ထွန်းက ပြောသည်။
ဂျပန် KDDP ကုမ္ပဏီနှင့် Sumitomo ကုမ္ပဏီတို့သည် KDDI Summit Global Myanmar (KSGM) ကုမ္ပဏီကို ပူးတွဲ တည်ထောင် ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှပ်နှံမှု ပမာဏအဖြစ် အမေရိကန် ဒေါ်လာ သန်း ၂၀၀၀  ဖြစ်ပြီး ကနဦး ၁၀နှစ်စာချုပ် ချုပ်ကာလုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ ယင်းမှ တဆင့် နှစ်ဘက်သဘောတူညီမှုရှိပါက ဆက်လက်သက်တမ်းတိုးကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
KSGMကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ တကရှိနာဂရှီမက “အသစ်ဝင်လာမယ့် ကုမ္ပဏီ ၂ ခုကို တွန်းလှန် နိုင်အောင် ပူးပေါင်းတာပါ။ ယှဉ်ပြိုင်နိုင်မယ်လို့ ယူဆပြီးသားပါ။ မိုဘိုင်းလ်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး လက်ရှိ Network လွှမ်းခြုံမှု အတိုင်းအတာမှာ MPT ကနံပါတ်တစ်ပါ။ ဒီအချိန်မှာ ဒီထက်ကောင်းတဲ့ စက်ပစ္စည်းတွေနဲ့ နည်းပညာ ပူးပေါင်းလိုက်ရင် MPT ကရပ်တည်နိုင်မှာပါ။ စိန်ခေါ်မှုတွေလည်း ရင်ဆိုင်ရမှာပါ”ဟု ပြောသည်။
KSGM ကုမ္ပဏီအနေဖြင့် မိုဘိုင်းဖုန်းများမှတဆင့် ဆက်သွယ်ရေးနှင့်အင်တာနက်ဝန်ဆောင်မှုတင်မကဘဲ ကြိုးဖုန်းများမှ တဆင့် အင်တာနက်သုံးနိုင်မည့် ၀န်ဆောင်မှု များပါ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပေးရာတွင် လုပ်ငန်း အသေး၊ လုပ်ငန်းအကြီး အလိုက် အရွယ်အစားအမျိုးမျိုး သုံးစွဲနိုင်ရန် အင်တာနက်မြန်နှုန်းများကိုလည်း ဈေးနှုန်း အမျိုးမျိုး ခွဲခြားရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။
ဖုန်းခေါ်ဆိုခဈေးနှုန်းများနှင့် ပတ်သက်၍ ယခုအချိန်တွင် အတိအကျမပြောနိုင်သေးသော်လည်း ယခုခေါ်ဆိုခ နှုန်းထား ထက် နိမ့်ကျမည်ဖြစ်ကြောင်းနှင့် မကြာမှီအတောအတွင်း ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရှိရသည်။
MPT နှင့် ပူးပေါင်းဆောင်ရွက်သည့် Sumitomo Corporation သည် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ၁၉၇၂ခုနှစ်မှ စတင်ကာ ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့သည့် ကုမ္ပဏီတခုဖြစ်ပြီး အရှေ့တောင်အာရှ ရုံးခွဲကို မြန်မာပြည်တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။
“Sumitomo နဲ့ မြန်မာနဲ့က ဟိုးနှစ်ပေါင်း ၃၀လောက်ကတည်းက ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တာပါ၊ ပြီးခဲ့တဲ့ ဆီးဂိမ်း တုန်းကလည်း ဆက်သွယ်ရေးဆိုင်ရာ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ အတွက် ပူးပေါင်းလုပ်ဆောင် ခဲ့ပါတယ်” ဟု Sumitomo Corporation ၏ အထွေထွေမန်နေဂျာ မစ္စတာ ထာဇူဂျီရို နရီတိုက ပြောသည်။
Sumitomo Corporation သည် ဂျပန်နိုင်ငံ တိုကျို အခြေစိုက်ကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၆၇နိုင်ငံတွင် ရုံးပေါင်း၁၃၉ရုံး ဖွင့်လှစ်ထားပြီး KDDI ကုမ္ပဏီသည် နိုင်ငံပေါင်း ၂၈နိုင်ငံတွင် ရုံးပေါင်း ၁၀၄ခု ဖွင့်လှစ်ထားသော ကုမ္ပဏီဖြစ်သည်။

XE Currency for iphone/ipad/ipod touch

iphone/ipad/ipod touch ကိုင်ဆောင်သူများအတွက် အသုံးဝင်မယ့်ဆော့့ဝဲလ်လေး XE Currency ကိုတင်ပေးလိုက်ပါတယ်။ဒီဆော့ဝဲလ်လေးက ငွေကြေးပေါက်ဈေးတွေ ကြည့်တဲ့အခါမှာအသုံးပြုရမှာဖြစ်ပါတယ်။တကယ်ကို great app တစ်ခုဖြစ်ပြီး ငွေကြေးပိုင်းနဲ့ပတ်သတ်ရင်အချက်အလက်စုံစုံလင်လင်နဲ့ သိရှိနိုင်မှာဖြစ်ပါတယ်။အသုံးပြုရ၇ိုးရှင်းလွယ်ကူသလို Online နဲ့ချိတ်ဆက်ပြီးနောက်ဆုံးရငွေကြေးဈေးကွက်ကို ကြည့်ရှုကာ data ရယူပြီး offline အတွက် ပါကြည့်နိုင်ပါတယ်။သုံးလို့ပိုပြီး အဆင်ပြေစေတာက မြန်မာငွေကြေးဈေးကွက်ကို တခြားနိုင်ငံတကာငွေဈေးကွက်နဲ့ယှဉ်ပြီး ထုတ်ပေးထားပါတယ်။လအလိုက် ငွေ ကြေးအတက်အကျ စတာတွေကိုပါ ဂရပ်မျဉ်းနဲ့တကွ ဖော်ပြပေးထားပါတယ်။အသုံးပြုလိုသူများအောက်မှာရယူပါ။
ဆော့ဝဲလ်အားရယူရန်

FireChat

ဒီပရိုဂရမ်နဲ့ သင့်ရဲ့မတော်တဆ မှားယွင်းဖျက်မိတဲ့ ဖိုင်များကို ပြန်လည်ရယူနိုင်မှာဖြစ်ပြီး storage card ထဲမှ format လုပ်လိုက်တဲ့ ဓာတ်ပုံများကို ပါ ပြန်လည်ဆည်ယူနိုင်စေမှာဖြစ်ပါတယ်။ Main window ထဲမှာ option တစ်ခုကို နှိပ်ပြီး သင့်ရဲ့ hard drives, partitions သို့မဟုတ် digital media storage ထဲမှာ ဖျက်မိတဲ့ data များကို ပြန်လည် restore လုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးသောဗားရှင်းက သင့်ရဲ့ တက်ဘလက် သို့မဟုတ် ဖုန်းကို ပီစီနဲ့ချိတ်ပြီး ယင်းတို့ထဲမှပျောက်ဆုံးသွားသေ data များကို ပြန်လည် ရယူနိုင်မှာဖြစ်ပါတယ်။ ဒီပရိုဂရမ်က install ရတာလွယ်ကူပါတယ်။ သို့သော် သင့်ကို full version သို့ upgrade လုပ်စေဖို့ အမြဲတမ်း အသိပေးနေမှာဖြစ်ပါတယ်။
http://www.7datarecovery.com/
သင်လိုအပ်တာ : Windows XP,Vista,7,8 or 8.1

DATA-RECOVERY SUITE 7-Data Recovery 3.0

ဒီပရိုဂရမ်နဲ့ သင့်ရဲ့မတော်တဆ မှားယွင်းဖျက်မိတဲ့ ဖိုင်များကို ပြန်လည်ရယူနိုင်မှာဖြစ်ပြီး storage card ထဲမှ format လုပ်လိုက်တဲ့ ဓာတ်ပုံများကို ပါ ပြန်လည်ဆည်ယူနိုင်စေမှာဖြစ်ပါတယ်။ Main window ထဲမှာ option တစ်ခုကို နှိပ်ပြီး သင့်ရဲ့ hard drives, partitions သို့မဟုတ် digital media storage ထဲမှာ ဖျက်မိတဲ့ data များကို ပြန်လည် restore လုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးသောဗားရှင်းက သင့်ရဲ့ တက်ဘလက် သို့မဟုတ် ဖုန်းကို ပီစီနဲ့ချိတ်ပြီး ယင်းတို့ထဲမှပျောက်ဆုံးသွားသေ data များကို ပြန်လည် ရယူနိုင်မှာဖြစ်ပါတယ်။ ဒီပရိုဂရမ်က install ရတာလွယ်ကူပါတယ်။ သို့သော် သင့်ကို full version သို့ upgrade လုပ်စေဖို့ အမြဲတမ်း အသိပေးနေမှာဖြစ်ပါတယ်။
http://www.7datarecovery.com/
သင်လိုအပ်တာ : Windows XP,Vista,7,8 or 8.1

100 Best Font ……. For Android

ဒီတစ်ခါလည်း အသုံးဝင်မယ့် application ကောင်းလေးပေးချင်ပါတယ်
Font Style ပါတဲ့ Samsung နဲ့ LG ဖုန်းတွေမှာဘဲ အသုံးပြုလို့ရမှာပါ အကောင်းဆုံးဆိုတဲ့ Font Style
100 ပါဝင်တဲ့ application လေးပေါ့
Screenshot_2014-07-17-15-17-39
အသုံးဝင်လို့ လိုချင်တယ်ဆိုရင်အောက်မှာရယူနိုင်ပါတယ်
apkdaddy

Easy USSD V2.1 Update

- ၅ သိန်းတန် CDMA ဖုန်းများ ( 73 , 91 , 49 , 47 , etc. ) ငွေစစ်လို့မရတဲ့ Error ကို ပြင်ပေးထားပါတယ် ။
-Internet Setting ချိန်နည်း ထည့်ပေးထားပါတယ် ။
(Internet Setting ချိန်နည်းကြည့်ဖို့ ဖုန်းမှ Menu Key ကို နှိပ်ပြီး Internet Setting ဆိုတဲ့ Button ကို နှိပ်ရမှာပါ )
CDMA800 တွေနဲ့ MECTEL တွေ Internet Setting ချိန်နည်း အတူတူ ဖြစ်အောင် ရေးပေးထားပါတယ် ..(cdma တွေမှာ internet setting က တစ်ယောက်နဲ့ တစ်ယောက် မတူလဲ ရပါတယ် )
အဆင်မပြေရင် Call Center တွေကိုလဲ ဆက်သွယ်မေးမြန်းလို့ရပါတယ်။
နောက် Version မှာ Easy USSD ထည့်ထားတဲ့ဖုန်းအချင်းချင်း မည်သည့် SIM ကဒ် ထည့်ထားထား bill လှန်းဖြည့်ပေးလို့ရအောင် ကြိုးစားပေးပါ့မယ်။
လိုအပ်ရင်တော့ Download ရယူပါ။
freemovietagdownload