Tuesday, July 15, 2014

LG G3 (Android 4.4.2) ကို Root လုပ်နည်း

LG G3 (Android 4.4.2) ဖုန်းကို Root လုပ်ချင်သူတွေအတွက် LG G3 ဖုန်းကို Root လုပ်နည်းကိုတင်ပေးလိုက်ပါတယ်။ ယခုနည်းလမ်းဖြင့် LG G3 ဖုန်းမော်ဒယ်များဖြစ်တဲ့ F400K/L/S – 4.4.2 10A/10B/10G တို့ကို Root လုပ်နိုင်မှာပါ။ လုပ်နည်းကိုအောက်မှာဆက်လက်ဖတ်ရှုပါ။
-ဖုန်းမှာ USB Debugging Mode ကို Enable/on ထားပါ။
-ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးအသုံးပြု ပြီးချိတ်ဆက်ထားပါ။
- LG Mobile Driver ကိုကွန်ပျူတာမှာမသွင်းရသေးလျှင်သွင်းထားပါ။ LG Mobile Driver ကိုအောက်က link မှာရယူပါ။
LG Mobile Driver အားရယူရန်
(Driver သွင်းနေချိန်မှာ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်ထားပါ ။ Driver သွင်းနေချိန်မှာ ဖုန်းရဲ့ Screen မှာ “Allow USB Debugging” လို့ပေါ်လာရင် OK ကိုနှိပ်ပါ)

ဖုန်းကို root လုပ်ဖို့လိုအပ်တဲ့ tool ဖြစ်တဲ့ ioRoot ကိုအောက်က link မှာရယူပါ။
ioRoot အားရယူရန်
i0Root zip ဖိုင်ကို Download ရယူပြီးလျှင် zip ဖိုင်ကိုဖြည်လိုက်ပါ။ ပြီးလျှင် ဇစ်ဖြည်လို့ရလာတဲ့ဖိုဒါထဲမှာပါတဲ့ i0Root.bat ပေါ်မှာ right click နှိပ်၍ Run As Administrator နဲ့ run လိုက်ပါ။ အောက်ပုံထဲကအတိုင်းပေါ်လာပါမယ်။


Enter ခေါက်လိုက်ပါ။ အကယ်၍ဖုန်းနဲ့ကွန်ပျူတာနဲ့ချိတ်ထားတယ် ၊ ဖုန်း driver ကိုကွန်ပျူတာမှာသွင်းထားတယ်ဆိုရင် ကွန်ပျူတာက ချိတ်ထားတဲ့ဖုန်းကို detect သိပြီး ဖုန်းမှာပါတဲ့ Stock Recovery Mode ထဲကိုဝင်ပါလိမ့်မယ်။


အဲဒီအချိန်မှာပဲ ဖုန်း Screen ဘက်မှာလည်း Stock Recovery Mode ထဲကိုရောက်ရှိနေပါလိမ့်မယ်။ လေးခုမြောက် Option ဖြစ်တဲ့ apply update from ADB ထဲကိုဝင်လိုက်ပါ။

ဖုန်း Screen မှာပဲအောက်ပါ Message တွေပေါ်ပါလိမ့်မယ်။


အဲဒီအချိန်မှာ ကျွန်တော်တို့က ကွန်ပျူတာက Tool ကိုဆက်ပြီး run ရပါမယ်။ ကီးဘုတ်ကနေ Enter ခေါက်လိုက်ပါ။ ADB Slideload panel ကနေ လိုအပ်တဲ့ data တွေကို ဖုန်းထဲကိုလှမ်းထည့်နေပါလိမ့်မယ်။


ပြီးရင်တော့ အောက်ကပုံအတိုင်း ဖုန်း screen မှာမြင်ရပြီဆိုရင်တော့ Root လုပ်ခြင်းအဆင့်များပြီးဆုံးသွားပါပြီ။ ပထမဆုံး Option ဖြစ်တဲ့ Reboot System Now ကိုနှိပ်ပြီး ဖုန်းကို restart/reboot လုပ်လို့ရပါပြီ။ ဖုန်းက ပုံမှန်အတိုင်းပြန်တက်လာပြီဆိုရင်တော့ သင့်ဖုန်းက Root Access ရရှိနေပြီဖြစ်ပါတယ်။

အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါ

No comments:

Post a Comment