Wednesday, July 16, 2014

i Phone သမားတွေ အတွက် အထူးစပယ်ရှယ် ဘောင်းဘီ

မိုက်ခရိုလ် ဖိုင်ဘာ အသားနဲ့ ပြုလုပ်ထားပြီး i Phone တွေအတွက် အဆင်ပြေစွာ ထည့် စရာ အိတ် ကပ် ပါရှိပါတယ်။ i Phone 4, 4S. 5 နဲ့ 5S တို့ကို ထည့်ဝင်နိင်ပြီး ဘောင်းဘီ အိတ်ထဲက အိုင်ဖုန်းကို ထုတ်လိုက်တာနဲ့ သန့်ရှင်းနေစေမှာ ဖြစ်ပါတယ်။ WTFJeans 3 လို့ ခေါ်ပြီး Nano အလွှာတွေ ထည့်သွင်းပါဝင်ထားတာ ဖြစ်ပါတယ်။ ထို အလွှာဟာ ဂျင်းအစကို မိုးပြေးလေးတွေနဲ့ အခြားအရည်တစ်မျိုးမျိုး မတော်တဆ ဖိတ်ခြင်း လျှံကျခြင်းတို့မှာ ကာကွယ်ပေးပါတယ်။ ၀ိုင်၊ ဆီ၊နဲ့ ညစ်ပေမူတွေကိုလည်း အတိုင်းအတာ တစ်ခု အထိကာကွယ်ပေးပါတယ်။
ဆာဘီးယားမှာ ထုတ်ပြီး gadget ပရိသတ်တွေအတွက် အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်။ ရေတွေဟာ ထို ဂျင်းပေါ်ကို မတင်နိင်ပဲ လျှော်ကျစေပြီး အနည်းငယ်သော် ရေပေါက်လေးတွေသာ တင်ကျန်ရစ်မှာ ဖြစ်ပါတယ်။ အနည်းငယ်သော် ရေအတွက်တော့ အဆင်ပြေစေပေမဲ့လို့ ရေထဲကိုပစ်ချခြင်းနဲ့ မိုးကြီးလေကြီးထဲမှာတော့ အဆင်ပြေမှာ မဟုတ်ပါဘူး ။ စိတ်ဝင်စားပါက WTFJeans.com တွင် ဒေါ်လာ ၁၇၅ ဖြင့် ၀ယ်ယူနိင်ပါတယ်။
Ref: WTFJeans

No comments:

Post a Comment