Wednesday, July 16, 2014

Google ရဲ့ အွန်လိုင်းကနေ အခမဲ့သင်ကြားပေးမယ့် Android Developer Course

Google ဟာ Udacity နှင့်အတူ Android Development Course ကို အခမဲ့သင်ကြားပေးမှာဖြစ်ပါတယ်။ အဲဒီ Course အတွင်းမှာ ဗီဒီယိုဖိုင်များ ၊ မေးခွန်းများ ၊ သင်ကြားမှုနှင့်ပတ်သက်သည့် အချက်အလက်များအပြင် ဖိုရမ်များလည်း ပါဝင်ပါတယ်.။ အဲဒီသင်ကြားမှုကို ” Developing Android Apps : Android Fandamentals” လို့ အမည်ပေးထားပါတယ်။ အဲဒီသင်ကြားမှုကနေ Android app နှင့်ပတ်သက်ပြီး တစ်ဆင့်ချင်းလေ့လာသင်ကြားနိုင်ပြီး သင်ကြားဖို့အတွက်ကတော့ ပရိုဂရမ်မီ(Programming) နဲ့ ပတ်သက်လို့ အခြေခံရှိရမှာဖြစ်ပါတယ်။
ဒီ Android Course ကို Google Developer များဖြစ်သော Advocates Reto Meier, Dan Galpin နှင့် Katherine Kuan တို့က သင်ကြားပေးမှာဖြစ်ပါတယ်။ ယခုလို သင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ တီထွင်ဖန်တီနိုင်မှုနှင့်အတူ Android ရဲ့ သပိုင်းကြောင်းနဲ့ ပတ်သက်ပြီး ထောက်ကူပေးနိုင်သလို Android Software တစ်ခုကို ဘယ်လို အမှန်တကယ်တည်ဆောက်မလဲဆိုတာကိုပါ သိနိုင်ပါတယ်။
လေ့လာချင်တယ်ဆိုရင်တော့https://www.udacity.com/course/ud853ကနေ ၀င်ရောက်လေ့လာနိုင်ပါတယ်။

No comments:

Post a Comment