Saturday, May 31, 2014

ကျပ်ငွေ (၄)သိန်း နီးပါးတန် အမြင့်စား Hauwei Ascend P7



မေလ ၃၀ ရက်နေ့ မနက် ၁၀နာရီ ၊ ဆူးလေ ၊ ရှန်ဂရီလာ ဟိုတယ်တွင် Hauwei ရဲ့ နောက်ဆုံးထွက်မော်ဒယ်လ် Ascend P7 ကို စာနယ်ဇင်းနဲ့ ပြည်သူလူထုများဆီ မိတ်ဆက်ပွဲကျင်းပခဲ့ပါတယ်။ မီဒီယာ၊ စာနယ်ဇင်းများနဲ့ အရပ်ရပ်မှာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး အနုပညာရှင် Hauwei Brand Ambassador တစ်ဦးဖြစ်သူ ၀တ်မှုန်ရွှေရည်လည်းပါဝင်ခဲ့ပါတယ်။

ပထမဦးစွာ Hauwei ကုမ္ပဏီမှာ country Director Mr. Roson Luo မှ အဖွင့်စကားပြောကြားခဲ့ပြီး အခြား ကုမ္ပဏီရဲ့ မားကတ်တင် တာဝန်ရှိသူများက P7 အကြောင်းကို မိတ်ဆက် ရှင်းလင်းခဲ့ကြပါတယ်။ Hauwei Brand Ambassador တစ်ဦးဖြစ်သူ ၀တ်မှုန်ရွှေရည်က Hauwei ရဲ့ Ascend P7 ရဲ့ ကင်မရာပိုင်းကို သဘောကျနှစ်သက်ကြောင်း၊ အကြောင်းကတော့ သူမဟာ
Selfie တွေကို ရိုက်ကူးရတာကို သဘောကျနှစ်သက်တဲ့အတွက် ၊ P7 မှာ အရှေ့ကင်မရာကို ထူးထူးခြားခြား ဆောင်ရွက်မူတွေနဲ့ မြင့်တင်ထားပြီး ဓာတ်ပုံတွေကို ပိုမိုကြည့်ကောင်း စေတဲ့
Function တွေပါဝင်လို့ပါလို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ရိုက်ကူးရေးတွေ သွားတဲ့အခါ မိမိကိုယ်ကိုယ် စိတ်တိုင်းကျရိုက်ကူးနိင်ပြီး အမိုက်စား ဓာတ်ပုံတွေကို ရရှိနိင်လို့ ကြိုက်ရခြင်း ဖြစ်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။
ထိုနောက်မှာတော့ ကုမ္ပဏီရဲ့ ကုန်ပစ္စည်း မန်နေဂျာ Mr.Joyas Zhu မှ P7 ရဲ့ ဆက်သွယ်မူ ကွန်ရက်အကြောင်းကို ရှင်းပြခဲ့ပါတယ်။ ထိုနောက်မှတော့ မြန်မာ ပရိသတ်များအတွက် Hauwei ဈေးကို တရားဝင်ကြေငြာခဲ့ပါတယ်။

Hauwei ရဲ့ အသေးစိတ်သုံးသပ်ချက် ကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ရပါတယ်။

Hauwei ရဲ့နောက်ဆုံးထွက် နည်းပညာတိုးတက်မူတွေနဲ့ ထုတ်လုပ်ထားတဲ့ Ascend P7 ပါ။ နောက်ဆုံးထွက် အမြင့်စား စမတ်ဖုန်းတွေနဲ့ ပါးလွှားမူ၊ အရွှယ်အစား၊ အလေးချိန်ပိုင်းနဲ့ ကင်မရာပိုင်းတွေမှာ ကောင်းကောင်းယှဉ်လို့ရတဲ့ ဖုန်းဖြစ်ပါတယ်။
နောက်ဆုံးထွက် Android ဗားရှင်းဖြစ်တဲ့ 4.4 KitKat သုံး၊ မြန်နှုန်းမြင့် Quad-core 1.8 GHz ဖြစ်ပြီး အင်တာနက်နဲ့ ဆက်သွယ်မူတွေအတွက် အခြားဖုန်းတွေထက်
လိုင်းဆွဲအားပိုကောင်းတဲ့ လိုင်းဖမ်းယူမူ အင်တာနာ (၂) ချောင်းနဲ့ဖြစ်ပါတယ်။ 4G LTE တွေကို ဖမ်းယူနိင်မှာ ဖြစ်ပြီး ဒေါင်းလုပ်ခ်
မြန်နှုန်းကတော့ 1GB ရှိတဲ့ ဗီဒီယိုရုပ်ရှင်တစ်ခုကို 1min ဖြစ်ပါတယ်။ 2G , 3G ဖုန်းခေါ်ဆိုမူတွေမှာလည်း (၁) စက္ကန့်ထဲနဲ့ စောင့်ဆိုင်းစရာမလိုပဲ ခေါ်ဆိုနိင်မှာ ဖြစ်ပါတယ်။ အရွယ်အစားအထူက ကမ္ဘာ့အပါးလွှားဆုံးဖြစ်တဲ့ ၆.၅ မီလီမီတာနဲ့ဖြစ်ပါတယ်။ အသွင်အပြင်တွေက ချောမွတ်လှပလှတဲ့ အလွှယ (၇) ထပ်ပါရှိတဲ့ နောက်ဖုံးအပိတ်နဲ့ ဖြစ်ပါတယ်။ ကင်မရာအပိုင်းအနေနဲ့ အရှေ့ကင်မရာမှာတင် 8 Mp ရှိပြီး ကင်မရာအလေးပေးပြုလုပ်ထားကာ ရှည်လျားတဲ့ Panorama selfie ပုံတွေကို ရိုက်ကူးနိင်ပြီး Beauty mood လို့ခေါ်တဲ့ ရိုက်ပြီးသား ပုံတွေရဲ့ အလင်းအမှောင်တွေကို ညှိယူနိင်တဲ့ အစိတ်အပိုင်းတွေပါဝင်ပါတယ်။ i Phone 5S နဲ့ ယှဉ်ရိုက်ကြည့်တဲ့အခါမှာ ဓာတ်ပုံသားဟာ ပိုမိုသာလွန်ကောင်းမွန်နေတာကို တွေ့ခဲ့ရပါတယ်။ iPhone 5S က natural ပိုဆန်ပါတယ်။ အနောက်ကင်မရာကတော့ 13MP နဲ့ သိပ်ကို ကောင်းပါတယ်။ ဘတ္တရီ ကတော့ 2500 mAh ရှိကာ ပုံမှန်အနေအထားဖြင့် ဖုန်းကို အသုံးပြုမယ်ဆိုရင် (၂) ရက်တိတိ အားမသွင်းပဲ အသုံးပြုနိင်မှာ ဖြစ်ပါတယ်။

ခုနစ်လက်မ မျက်နှာပြင် တပ်ဆင်ထားသည့် Samsung Galaxy Mega 7.0 စမတ်ဖုန်း လာမည်


Samsung Galaxy Mega 7.0 (Or Mega 2) ကို အမေရိကန် ဆက်သွယ်ရေး ကော်မရှင် က ခွင့်ပြုလိုက်ပြီဖြစ်သည်။ Galaxy Mega 2 တွင် ခဲတံ အရွယ်အစားရှိသည့် ကြီးမားသော ခုနစ်လက်မအရွယ် မျက်နှာပြင် တပ်ဆင်ထားပါသည်။ Galaxy Mega 2 သည် သူ၏ နောင်တော်ထက် ၀.၇ လက်မ ပိုမိုကြီးမားလာပြီး ထွက်ရှိပြီးသမျှ Android Phone များထဲတွင် အကြီးဆုံး ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

အမေရိကန်ရှိ မည်သည့် Wireless Carrier က အဆိုပါဖုန်းကို ရောင်းချမည် ဆိုသည်ကို မသိရသေးပါ။ Samsung ၏ စမတ်ဖုန်းများကို AT&T မှ ရောင်းချလေ့ရှိသည့်အတွက် Mega 2 ကိုလည်း AT&T မှပင်ရောင်းချမည် ဟု Android Central က ခန့်မှန်းပါသည်။ Mega 2 ကို အမေရိကန် သို့မဟုတ် အာရှ တွင် ရောင်းချမည် ဆိုသည့် သတင်းအချက်အလက်ကိုလည်း ကွဲပြားစွာ မသိရသေးပါ။

Mega 2 ကို ရောင်းချမည့် ဈေးနှုန်းကို မသိရသေးသော်လည်း ယခင်မျိုးဆက် ၏ ဈေးနှုန်းမှာ ဒေါ်လာ ၄၉၉ ရှိပါသည်။

Mega 2 ၏ မျက်နှာပြင်အရွယ်အစား အပြင် အခြား Specification များနှင့် ပတ်သက်၍ သတင်းထွက်ပေါ်ခြင်းမရှိသေးပါ။ Mega 2 သည် ခုနစ်လက်မအရွယ် ရှိသည့်အတွက် တက်ဘလက်အရွယ်ရှိပါသည်။ သို့သော် Mega 2 သည် အလွန်ပါးလွှာပြီး ပေါ့ပါးသည့်အတွက် ဖုန်းကဲ့သို့ အသုံးပြုရန် အဆင်ပြေမည် ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြပါသည်။

Samsung က ဇွန်လ ၁၂ ရက်နေ့တွင် မီဒီယာတွေ့ဆုံပွဲတစ်ခု ကျင်းပရန် ရှိနေပြီး Galaxy Tab S တက်ဘလက်များကို ပြသမည် ဖြစ်သည်။ အဆိုပါပွဲတွင် Mega 2 ကိုလည်း ပွဲထုတ်နိုင်သည် ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြပါသည်။

ဂျာမနီမှရရှိတဲ့ သတင်းတစ်ပုဒ်အရဆိုရင် #IPhone6 ကို September 19 ရက် နေ့ မှာစတင်ြ...


ဂျာမနီမှရရှိတဲ့ သတင်းတစ်ပုဒ်အရဆိုရင် #IPhone6 ကို September 19 ရက်
နေ့ မှာစတင်ပြသမှာဖြစ်တယ်လို့ ဆိုပါတယ်။ အရင်တုံးကလဲ အဲဒီရက်ဝန်းကျင်တွေ
မှာ ပြသခဲ့ပါတယ်။သတင်းများရဲ့ အဆိုအရ 4.7လက်မရှိမယ့် ဖုန်းကို #IPhone6Air
လို့ ခေါ်တွင်မှာဖြစ်ပြီး၊ 5.5 လက်မရှိမယ့်ဖုန်းကို #IPhone6Pro လို့ ခေါ်တွင်သွားမယ်
လို့ ဆိုကြပါတယ်။ Beataudio ကိုလဲ Apple က၀ယ်ယူပြီးပြီဖြစ်တာကြောင့်အသံပိုင်း
ကင်မရာပိုင်း ဘာမှပြောစရာမရှိမယ့် IPhone6 ကိုလူတွေမျှော်လင့်နေကြပြီဆိုတာတော့
ပြောဖို့ တောင်လိုမယ်မထင်တော့ဘူးပေါ့ဗျာ.....


Apple iOS 8 Banner လွှင့်တင်နေပြီ။



ပုံမှာတွေ့ရတဲ့ iOS 8 banner ပုံကတော့ ကယ်လီဖိုးနီယား၊၊ ဆန်ဖရန်စစ်ကို မှာ ရှိတဲ့ Moscone စင်တာမှာ ကျင်းပမဲ့ WWDC ( Apple Worldwide Developers Conference ) ၂၀၁၄ အတွက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် iOS 7 ထုတ်တုန်းက Banner နဖူးစီးစာတန်းမှာ ဆိုရင်တော့ သေးသွယ်တဲ့ 7 Logo နဲ့ ဖြစ်ပြီး ဒီနှစ်မှာ Apple ဟာ ရေနောက်ခံ Brackgroud နဲ့ ဖြစ်ပါတယ်။ 8 ဆိုတဲ့ LOgo ကတော့ အဖြူပေါ့။ ပြီးခဲ့တဲ့ ဧပရယ်မှာ တုန်းကတော့ Appleဟာ WWDC 2014 တွင် iOS နဲ့ OS X ရဲ့ အနာဂတ်လုပ်ဆောင်မူတွေကို လေ့လာသင့်ယူဖို့ အခွင့်အရေးတစ်ခုကို ကမ္ဘာ့ တစ်ဝန်းလုံးမှာရှိတဲ့ Developer တွေကို ပေးမှာ လို့ ဆိုခဲ့ပါတယ်။ ထို WWDC အတောအတွင်းမှာ Apple ဟာ iOS နဲ့ နောက်ထပ် မျိုးဆက်တစ်ခုဖြစ်တဲ့ OS X ကို ပွဲထုတ်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
iOS 8 ဟာဆိုရင်ပြန်လှန်မွမ်းမံမူတွေနဲ့ သစ်လွင်တဲ့ update တွေနဲ့ ဖြစ်လာမှာ ဖြစ်ပြီး ထို အသစ် သစ်သော အစိတ်အပိုင်းတွေဟာ ပြီးခဲ့တဲ့ နှစ်ရဲ့ ထွက်ရှိခဲ့တဲ့ iOS ဗားရှင်းပေါ်တွင် အခြေခံသွားမှာ ဖြစ်ပါတယ်။ 

နဂို ရရှိနေတဲ့ ၀ိုင်ဖိုင်ထက် ဆယ်ဆ ပိုမြန်တဲ့ Huawei ရဲ့ Ultrafast ၀ိုင်ဖိုင်


တရုတ် ကွန်မြူနကေရှင် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Huawei ဟာ ရှန်ဟိုင်း တက္ကသိုလ် တစ်ခုအတွင်းမှာ ၀ိုင်ဖိုင် စမ်းသပ်မူတွေ ပြုလုပ်ခဲ့ပြီး ပြုလုပ်မူတွေကနေ ယနေ့တွေ မှာ အများပြည်သူတို့ ပုံမှန်ရရှိနေတဲ့ ၀ိုင်ဖိုင်ထက် (၁၀) ဆမြန်တဲ့ ၀ိုင်ဖိုင် 10 Gbps ကို ရရှိအောင် စမ်းသပ်နိင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် မှာ တရားဝင် မိတ်ဆက်မဲ့ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့တာဖြစ်ပြီး ပထမဆုံး စမ်းသပ်မူမှာတင် ယခုလို မြန်နှုန်းမြင့် ၀ိုင်ဖိုင်ကို စမ်းသပ် ရရှိခဲ့တာဖြစ်ပါတယ်။
ထိုကဲ့သို့ ၀ိုင်ဖိုင် မြန်နှုန်းများကို ရရှိလာပါမူ အကြီးမားဆုံး ခေတ်သစ်ရဲ့ အချက်အလက် စီးဆင်းမူကို ထောက်ကူနိင်မှာ ဖြစ်ပါတယ်။ အနာဂတ်ခေတ်ရှေ့ပြေးပုံစံ ဖြစ်တဲ့ 10 Gbps ၀ိုင်ဖိုင်နှုန်းကို အချက်အလက် ကူးပြောင်းမူနှုန်း 10.53Gbps ဖြင့် 5GHz ကြိမ်နှုန်းပေါ်တွင် ရရှိခဲ့တာ ဖြစ်ပါတယ်။ Huawei အနေနဲ့ ထို UltraFast မြန်နှုန်းရှိတဲ့ ၀ိုင်ဖိုင်ကို ၂၀၁၈ ခုနှစ် တရားဝင် ထွက်ရှိလာနိင်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။

Google play store 4.8.20 for android(latest version)


Download LinkAndroid phone/Tablet ကိုင်ဆောင်ပြီး Google Play စတိုးအသုံးပြုကာ ဆော့ဝဲလ်များ၊ဂိမ်းများ ဒေါင်းလုတ်လုပ်သူများအတွက် နောက်ဆုံးဗားရှင်းကို တင်ပေးလိုက်ပါတယ်။Google Play စတိုး နောက်ဆုံးဗားရှင်းကို ဖုန်းထဲမှာ ထည့်သွင်းထားခြင်းအားဖြင့် ဆော့ဝဲလ်များ၊ဂိမ်းများ ဒေါင်းလုတ်လုပ်ရာတွင် ပိုမိုမြန်ဆန်တာကို တွေ့ရမှာဖြစ်ပါတယ်။play store ရှိသူတိုင်း Update လုပ်ထားသင့်ပြီးအောက်မှာရယူနိုင်ပါတယ်။


Notification Bubbles v 4.3 for android



Android phone/Tablet ကိုင်ဆောင်သူများအတွက် notification bubbles ဆော့ဝဲလ်လေး အသုံးပြုနိုင်ရန်တင်ပေးလိုက်ပါတယ်။ဒီဆော့ဝဲလ်လေးကို ဖုန်းထဲမှာ ထည့်သွင်းထားခြင်းဖြင့် မိမိဖုန်းထဲမှာ Facebook,mail,viber,phone call,message စတာတွေ လာတဲ့အခါမှာ ပူဖောင်းလေး အပေါ်တက်လာပြီး သတိပေးမှာဖြစ်ပါတယ်။ပူဖောင်း အရောင်များပြောင်းပြီးထားနိုင်သလို Themes များလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်။တော်တော်လန်းတဲ့ဆော့ဝဲလ်လေးဖြစ်ပြီး Google Play Store မှာ SEK 14 ရှိကာ Myanmar Mobile App Store မှာ free ရယူနိုင်ပါပြီ။

DOWNLOAD Link....

ES File Explorer File Manager 3.1.5 for android



Android phone/Tablet ကိုင်ဆောင်သူများအတွက် မရှိမဖြစ်ထည့်သွင်းထားရမယ့် File manager ဆော့ဝဲလ်လေး update တွေ့လို့ ပြန်တင်လိုက်ပါတယ်။ဒီဆော့့ဝဲလ်လေး features တော်တော်များများပါဝင်ပြီး အသုံးပြုရတာလည်း လွယ်ကူတာတွေ့ရမှာဖြစ်ပါတယ်။ဒီဆော့ဝဲလ်မှာ ဆော့ဝဲလ်၊ဂိမ်းသီချင်း၊ဗွီဒီယိုများ တစ်နေရာမှ တစ်နေရာသို့ကူပြောင်းနိုင်ခြင်းဗွီဒီယိုများဖွင့်နိုင်ခြင်း၊မမြင်စေလိုတဲ့ ဖိုင်များ ၀ှက်ထားနိုင်ခြင်း၊လော့ခ် ချနိုင်ခြင်း၊ဇစ်ဖိုင်များ ဖြည်နိုင်ခြင်း၊ဗွီဒီယိုများ ဒေါင်းလုတ်လုတ်နိုင်ခြင်းအပြင် နောက်ထပ် features များစွာကို ဒီဆော့ဝဲလ်ရှိရုံနဲ့အဆင်ပြတာကိုတွေ့ရမှာပါ။အောက်မှာရယူနိုင်ပါပြီ။
DOWNLOAD Link...

Subway Surfers v 1.24.0 for android(tokyo version)



Androi phone/Tablet ဖြင့် ဂိမ်းကစးသူများအတွက် လူကြိုက်များပြီး ဆော့ကစားလေ့တဲ့ ဂိမ်းကောင်းလေး  Subway Surfers တိုကျိုဗားရှင်းကို တင်ပေးလိုက်တယ်။Subway Surfers ဟာ racing game ဂိမ်တစ်မျိုးဖြစ်ပြီး ရထားများကို ဆေးမှုတ်လို့ ဂိတ်စောင့်မိသွားတဲ့အခါ လွတ်အောင်ပြေးပြီး လမ်းမှာရရှိလာတဲ့ ရွေပြားများနဲ့ အမှတ်စုကာ ဂိမ်းဇာတ်ကောင်ကို upgrade မြှင့်ကာ ဆော့ကစားသွားရမှာဖြစ်ပါတယ်။ကစားလိုသူများ အောက်မှာရယူနိုင်ပါပြီ။

Download Link...

Smart Zawgyi Pro v1.0 for Android






Developer ကိုကျော်စွာသွင်ရဲ့ Smart Zawgyi Pro (Bat tool) ကိုတော့သုံးဖူးကြမှာပါ။ ၂၀၁၃ နိုဝင်ဘာလောက်ကတည်းက ထုတ်ခဲ့ပေမယ့် အခုနောက်ဆုံးထွက်ဖုန်းတွေအထိ error ကင်းကင်းနဲ့ font သွင်းနိုင်ပါတယ်။
မနေ့ညက အဲဒါသုံးရင်း အဲဒီ Smart Zawgyi Pro (Bat tool) ကို Android App အနေနဲ့ဆို Users တွေအတွက်သုံးရတာ ပိုအဆင်ပြေမယ်ထင်လို့ Smart Zawgyi Pro (Android Version) အနေနဲ့ ပြန်လည်ရေးသားဖန်တီးပေးလိုက်ပါတယ်။
ယခု Smart Zawgyi Pro (Android version) ဟာ အရင်ကထွက်ပြီးသား ကွန်ပျူတာ tool ဖြစ်တဲ့ Smart Zawgyi Pro ရဲ့ Shell script တွေကို Android ဖုန်းပေါ်ကနေ တိုက်ရိုက်တင် run ပေးလိုက်တာဖြစ်တာကြောင့် ယခု Smart Zawgyi Pro (Android version) ရဲ့ အလုပ်လုပ်ပုံက Smart Zawgyi Pro (Bat tool) နဲ့အတူတူပဲဖြစ်ပါတယ်။
-Android version အားလုံးမှာအလုပ်လုပ်ပါတယ်။
-မြန်မာစာမှန်ကန်စွာထည့်သွင်းပေးနိုင်ပါတယ်။
-သွင်းထားသော Smart Zawgyi Font ကိုမကြိုက်ပါက Uninstall ပြန်လုပ်နိုင်ပါမယ်။
-ကိုယ့်ဖုန်းရဲ့ Android version နဲ့ကိုက်မယ့် Font သွင်းနည်း Method ကို ဆော့ဝဲက auto ရွေးချယ်အသုံးပြုပြီး font သွင်းပေးသွားမှာပါ။ ဒီထက်ပိုကောင်းတဲ့ Font Changer Tool တွေလည်းရှိမှာပါ။ အခုဟာကတော့ မူရင်း Smart Zawgyi Pro ကို Android App အနေနဲ့ပြန်ဖန်တီးထားခြင်းပါ။
Smart Zawgyi Pro အား ကိုကျော်စွာသွင်မှရေးသားပါသည်။
Smart Zawgyi Pro (Android version) အား ကိုသက်နိုင်စိုး မှပြန်လည်ရေးသားပါသည်။
Smart Zawgyi Pro (Android version) အားအောက်က link မှာရယူနိုင်ပါတယ်။

Friday, May 30, 2014

ကျပ်ငွေ (၄)သိန်း နီးပါးတန် အမြင့်စား Hauwei Ascend P7




မေလ ၃၀ ရက်နေ့ မနက် ၁၀နာရီ ၊ ဆူးလေ ၊ ရှန်ဂရီလာ ဟိုတယ်တွင် Hauwei ရဲ့ နောက်ဆုံးထွက်မော်ဒယ်လ် Ascend P7 ကို စာနယ်ဇင်းနဲ့ ပြည်သူလူထုများဆီ မိတ်ဆက်ပွဲကျင်းပခဲ့ပါတယ်။ မီဒီယာ၊ စာနယ်ဇင်းများနဲ့ အရပ်ရပ်မှာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး အနုပညာရှင် Hauwei Brand Ambassador တစ်ဦးဖြစ်သူ ၀တ်မှုန်ရွှေရည်လည်းပါဝင်ခဲ့ပါတယ်။

ပထမဦးစွာ Hauwei ကုမ္ပဏီမှာ country Director Mr. Roson Luo မှ အဖွင့်စကားပြောကြားခဲ့ပြီး အခြား ကုမ္ပဏီရဲ့ မားကတ်တင် တာဝန်ရှိသူများက P7 အကြောင်းကို မိတ်ဆက် ရှင်းလင်းခဲ့ကြပါတယ်။ Hauwei Brand Ambassador တစ်ဦးဖြစ်သူ ၀တ်မှုန်ရွှေရည်က Hauwei ရဲ့ Ascend P7 ရဲ့ ကင်မရာပိုင်းကို သဘောကျနှစ်သက်ကြောင်း၊ အကြောင်းကတော့ သူမဟာ
Selfie တွေကို ရိုက်ကူးရတာကို သဘောကျနှစ်သက်တဲ့အတွက် ၊ P7 မှာ အရှေ့ကင်မရာကို ထူးထူးခြားခြား ဆောင်ရွက်မူတွေနဲ့ မြင့်တင်ထားပြီး ဓာတ်ပုံတွေကို ပိုမိုကြည့်ကောင်း စေတဲ့
Function တွေပါဝင်လို့ပါလို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ရိုက်ကူးရေးတွေ သွားတဲ့အခါ မိမိကိုယ်ကိုယ် စိတ်တိုင်းကျရိုက်ကူးနိင်ပြီး အမိုက်စား ဓာတ်ပုံတွေကို ရရှိနိင်လို့ ကြိုက်ရခြင်း ဖြစ်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။
ထိုနောက်မှာတော့ ကုမ္ပဏီရဲ့ ကုန်ပစ္စည်း မန်နေဂျာ Mr.Joyas Zhu မှ P7 ရဲ့ ဆက်သွယ်မူ ကွန်ရက်အကြောင်းကို ရှင်းပြခဲ့ပါတယ်။ ထိုနောက်မှတော့ မြန်မာ ပရိသတ်များအတွက် Hauwei ဈေးကို တရားဝင်ကြေငြာခဲ့ပါတယ်။

Hauwei ရဲ့ အသေးစိတ်သုံးသပ်ချက် ကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ရပါတယ်။

Hauwei ရဲ့နောက်ဆုံးထွက် နည်းပညာတိုးတက်မူတွေနဲ့ ထုတ်လုပ်ထားတဲ့ Ascend P7 ပါ။ နောက်ဆုံးထွက် အမြင့်စား စမတ်ဖုန်းတွေနဲ့ ပါးလွှားမူ၊ အရွှယ်အစား၊ အလေးချိန်ပိုင်းနဲ့ ကင်မရာပိုင်းတွေမှာ ကောင်းကောင်းယှဉ်လို့ရတဲ့ ဖုန်းဖြစ်ပါတယ်။
နောက်ဆုံးထွက် Android ဗားရှင်းဖြစ်တဲ့ 4.4 KitKat သုံး၊ မြန်နှုန်းမြင့် Quad-core 1.8 GHz ဖြစ်ပြီး အင်တာနက်နဲ့ ဆက်သွယ်မူတွေအတွက် အခြားဖုန်းတွေထက်
လိုင်းဆွဲအားပိုကောင်းတဲ့ လိုင်းဖမ်းယူမူ အင်တာနာ (၂) ချောင်းနဲ့ဖြစ်ပါတယ်။ 4G LTE တွေကို ဖမ်းယူနိင်မှာ ဖြစ်ပြီး ဒေါင်းလုပ်ခ်
မြန်နှုန်းကတော့ 1GB ရှိတဲ့ ဗီဒီယိုရုပ်ရှင်တစ်ခုကို 1min ဖြစ်ပါတယ်။ 2G , 3G ဖုန်းခေါ်ဆိုမူတွေမှာလည်း (၁) စက္ကန့်ထဲနဲ့ စောင့်ဆိုင်းစရာမလိုပဲ ခေါ်ဆိုနိင်မှာ ဖြစ်ပါတယ်။ အရွယ်အစားအထူက ကမ္ဘာ့အပါးလွှားဆုံးဖြစ်တဲ့ ၆.၅ မီလီမီတာနဲ့ဖြစ်ပါတယ်။ အသွင်အပြင်တွေက ချောမွတ်လှပလှတဲ့ အလွှယ (၇) ထပ်ပါရှိတဲ့ နောက်ဖုံးအပိတ်နဲ့ ဖြစ်ပါတယ်။ ကင်မရာအပိုင်းအနေနဲ့ အရှေ့ကင်မရာမှာတင် 8 Mp ရှိပြီး ကင်မရာအလေးပေးပြုလုပ်ထားကာ ရှည်လျားတဲ့ Panorama selfie ပုံတွေကို ရိုက်ကူးနိင်ပြီး Beauty mood လို့ခေါ်တဲ့ ရိုက်ပြီးသား ပုံတွေရဲ့ အလင်းအမှောင်တွေကို ညှိယူနိင်တဲ့ အစိတ်အပိုင်းတွေပါဝင်ပါတယ်။ i Phone 5S နဲ့ ယှဉ်ရိုက်ကြည့်တဲ့အခါမှာ ဓာတ်ပုံသားဟာ ပိုမိုသာလွန်ကောင်းမွန်နေတာကို တွေ့ခဲ့ရပါတယ်။ iPhone 5S က natural ပိုဆန်ပါတယ်။ အနောက်ကင်မရာကတော့ 13MP နဲ့ သိပ်ကို ကောင်းပါတယ်။ ဘတ္တရီ ကတော့ 2500 mAh ရှိကာ ပုံမှန်အနေအထားဖြင့် ဖုန်းကို အသုံးပြုမယ်ဆိုရင် (၂) ရက်တိတိ အားမသွင်းပဲ အသုံးပြုနိင်မှာ ဖြစ်ပါတယ်။

(၃၀.၅.၂၀၁၄)Anycall Mobile Handset Price List ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။

မန္တလေးဖုန်း0271122,0268886
ရန်ကုန်ဖုန်း 01500177 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
APPLE Price List]
I Phone 5S(16GB)Gold,black --636000
I Phone 5S(32GB)Gold --748000
I Phone 5S(64GB)Gold,black,white --835000

I Pad air wifi(16GB) --478000

I Pad air wifi(32GB) --573000

I Pad air 4G(16GB) --598000 
I Pad air 4G(32GB) --673000 

I Pad mini 4G(64GB) --630000

I Pad mini II wifi(16GB) --399000
I Pad mini II wifi(32GB) --490000
I Pad mini II wifi(64GB) --576000

I Pad mini II 4G(16GB) --515000
I Pad mini II 4G(32GB) --605000

Samsung
Note III --483000
S4 --383000
S II Plus --220000
Grand --233000
Core --170000
S Advance --202000
Galaxy W --165000
Young Duos --110000
Ace 2 --133000
S5 --552000
Grand neo --212000
Express 2 --220000
Note 3 neo --343000

Sony
Z --321000
SL --248000
SP --207000
C --199000
L --161000
M --135000
Sola --182000
E1 --128000

LG
Optimus G Pro Lite --275000
Optimus G 2 --575000
Optimus G --435000
G Flex --725000
Nexus 4 --399000
Nexus 5 --480000
L9 --275000
L7 II --240000
L7 --185000
L5 II --170000
L5 --149000
L3 --95000
L40 --115000
L70 --189000
L90 --259000
G2 mini --319000

HTC
One max --640000
One --435000
Butterfly --525000
One X+ --447000
Desire 700 --358000
Desire X --263000
Desire 600 --300000
Desire VC --170000
Wilddfire --75000

Emoto
E7000 --109500
E58L --96500
E58 --74000

TCL
S900 --70000
A989 --48000
A998 --70000

Huawei 
P7 --334000
G700 --199000
U8860 --99000
U8661 --54000
Y511T --67500
Y310s --52500
Y320U --52500
Y325 --44000
D2 --256500

Nokia
XA110 --108000
N105 --29000
N108 --40000
N208 --52000

CDMA 800 MHz Handset
Grand C --243000
C8815 --112500
Y535C --82000
Y535D --92500
G6 --167500
Trend --86000
C8816 --125000

CDMA 450 MHz Handset
A8 --145500
CF 190 --36500
CF 360 --44000

Tablet
Lenovo A3000 --182000

Promotion
U8860 --99000
C6-O1 --90000
N500 --75000
Tipo --75000
C7 --90000

Lenovo
S920 --197000
S820 --182000
A706 --134000
S650 --142000

Samsung Company(5ထောင်တန်ဘေကဒ်လက်ဆောင်)
S5 --640000(5card)
Note 3 --632000(5Card)
Core --215000(1Card)
Ace 3 --163000
Win --240000(1Card)
Tab 3 Lite 3G --199900
Grand2 --325000(2Card)
Note 8.0 --390000(2Card)
Note III neo --390000(2Card)
Note Pro --699000(6Card)
Note 10.1 --560000(3Card)
Grand neo --242000
S Duos 2 --149000
SIII neo --328000

Vivo
X play 3S --548000
X3S --388000
Y17W --299000
Y11W --168000
Y613(Y15) --218000

Thursday, May 29, 2014

အူရီဒူးမှ ဆာဗေး ကောက်ယူခြင်းမှာ အများစု သုံးနေသည့် ဟန်းဆက်နှင့် 3G စနစ် အဆင် ပြေ၊ မပြေ သိရန် ကောက်ယူခြင်း ဟု ဆို


အူရီဒူးမြန်မာ မှ မိုဘိုင်း ဖုန်းဆိုင်များတွင် ပြည်သူလူထု ထံမှ ကောက်ယူနေသည့် ဆာဗေး ဖောင်များမှာ ဆင်းမ်ကတ် ရောင်းချခြင်း အတွက် Register ပြုလုပ်ရန် ကောက်ယူခြင်း မဟုတ်ဘဲ ပြည်သူများ ကြားတွင် အများစု သုံးနေသည့် ဟန်းဆက် အမျိုးအစားနှင့် မည်ကဲ့သို့ ဝန်ဆောင်မှုမျိုး ပေးရမည်ကို သိရှိရန် အတွက် ကောက်ယူခြင်းသာ ဖြစ်ကြောင်း သတင်း ရရှိသည်။
ကျွန်တော်တို့ အခုလို ကောက်ယူနေ တာဟာ ဆာဗေးဖောင် ကောက်ယူ တာပဲ ဖြစ်ပါတယ်။ Register လုပ်ဖို့အတွက် ကောက်တာ မဟုတ်ပါဘူး။ လူတွေရဲ့ လက်ထဲကို 3G စနစ်နဲ့ ဘယ်လို ဝန်ဆောင်မှု ပေးရမလဲ ဆိုတာကို သိနိုင်ဖို့ အတွက် ကောက်တာ ဖြစ်ပါတယ်။ ဆင်းမ်ကတ် ဝယ်ဖို့ အတွက် ဆိုရင် ဖောင်ဖြည့်ဖို့ မလိုပါဘူး ဟု အူရီဒူးမြန်မာ ၏ အမှုဆောင် အရာရှိချုပ် Mr. Ross Cormack က ပြောသည်။
လက်ရှိတွင် ပြည်တွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင် အချို့တွင် အူရီဒူးမှ ပေးထားသော ဖောင်များကို ဖြည့်ပါက ဆင်းမ်ကတ် ရောင်းသည့် အခါတွင် ရရှိမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေ သည့်အတွက် ယခုလို ရှင်းလင်း ဖြေကြားခြင်း ဖြစ်ပြီး ပြည်တွင်း၌ လူအများစု သုံးနေသည့် ဟန်းဆက် များသည် ၎င်းတို့မှ ဝန်ဆောင်မှု ပေးသည့် 3G စနစ်ကို ပြည့်ဝစွာ ထောက်ပံ့မှု ပေးနိုင်ခြင်း ရှိ ၊ မရှိကို သိရှိနိုင်ရန် အတွက် ကောက်ယူခြင်းလည်း ဖြစ်ကြောင်း သတင်း ရရှိသည်။
ကျွန်တော်ရဲ့ 3G ကွန်ရက် ဝန်ဆောင်မှုကို အပြည့်အဝ သုံးနိုင်ဖို့ ဆိုရင် 3G စနစ်ကို အထောက်အပံ့ ပေးတဲ့ ဟန်းဆက်တွေကို သုံးဖို့ လိုပါတယ်။ တချို့ ဟန်းဆက်တွေက 3G ဆိုပေမယ့် အပြည့်အဝ အသုံးပြုလို့ မရတာကို တွေ့ရ တဲ့အတွက် အခုလို ဆာဗေး ကောက်ယူတာ ဖြစ်ပါတယ် ဟု Ross Cormack က ဆိုသည်။
အူရီဒူးမြန်မာ အနေဖြင့် လက်ရှိတွင် လူဦးရေ ငါးထောင် ဝန်းကျင်ခန့်ကို ဆာဗေးဖောင် ကောက်ယူ ထားပြီး ဆင်းမ်ကတ်များ ရောင်းချ ရာတွင်လည်း အသုံးပြု သူများ အနေဖြင့် 3G စနစ်အား အပြည့်အဝ ထောက်ပံ့ပေး နိုင်မည့် ဟန်းဆက်များကို ဝယ်ယူ အသုံးပြု နိုင်ရန် အတွက် ၎င်းတို့၏ အရောင်း ကိုယ်စားလှယ် ဆိုင်များမှ တစ်ဆင့် ပြည်သူများကို ရှင်းပြပေးမည့် စနစ်ကိုလည်း ကျင့်သုံး သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

World Cup 2014 For IOS





IOS သမားတွေအတွက် World Cup 2014 လာပြီနော်။ ဘရာဇီးနိုင်ငံမှာကျင်းပမယ့် World Cup 2014 ရဲ့အချိန်ဇယား၊ ကန်မည့်ဘောလုံးကွင်း
ဘယ်အုပ်စုတွေမှာဘယ်အသင်းတွေပါမလဲ။ ဘယ်နိုင်ငံတွေပါမလဲ။ အုပ်စုဘယ်နစုပါမလဲဆိုတာလေးတွေနဲ့ပြည့်ပြည့်စုံစုံဖော်ပြပေးတဲ့ application
လေးမို့ World Cup မတိုင်မီလေးမိမိဖုန်းထဲတွင် download လုပ်ပြီးကြိုတင်ရင်ခုန်နိုင်ပါပြီခင်ဗျာ။

S5 active Photo တွေထွက်နေပြီ

S5 active ကဆိုရင် တော့ shock proof .dust proff ပါပါတယ် ပုံစံကတော့နဲနဲ ဆန်းပါတယ် AT&T ကထုတ်မှာဖြစ်ပါတယ် ထွက်ရင် Dollar 200$ နဲ့ ထွက်မယ်ပြောထားပါတ် ပြောလို့တော့မရပါဘူး ပုံကတော့ အောက်မှာပါ


2K Display ရုပ်ထွက်နဲ့ အထင်ကြီးစရာ LG G3





တကယ်တော့ LG က 4K ရုပ်ထွက် မျက်နှာပြင် ရှိတဲ့ UHD Screen ကို ဖြစ်စေချင်ခဲ့တာပါ။ အခုတော့ ရုပ်ထွက် 2560×1440 2k ရုပ်ထွက် အထက်နားလောက်မှာပဲ ရှိလာတဲ့အတွက် Quad HD မျက်နှာပြင် စမတ်ဖုန်းလို့ နာမည်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ Quad HD မျက်နှာပြင်နဲ့ Screen ရုပ်ထွက်မှာ အခြား နာမည်ကြီးဖုန်းတွေ ဖြစ်တဲ့ HTC M8 နဲ့ Galaxy S5 တို့ထက် ပိုသာလွန်ခဲ့ပါတယ်။ ဒါဟာ သူရဲ့ ထူးခြားချက်လို့ ပြောလို့ရပါတယ်။
မျက်နှာပြင် အရွှယ်အစား ၅.၅ လက်မ ဖြစ်ကာ နောက်ဆုံးထွက် High-end ဖုန်းတွေထဲမှာတော့ အကျယ်ဝန်းဆုံးပါပဲ။ Pixel သိပ်သည်းဆကိုက 538 တို့နဲ့ သိပ်ကို မိုက်ပါတယ်။ ထို ရုပ်ထွက် မြင်ကွင်းဟာ ၂၇ လက်မရှိတဲ့ iMac တစ်လုံးနဲ့ တူညီနေပါတယ်။ G3 ဟာ အမြင့်စားရုပ်ထွက်တွေ ပါဝင်တဲ့ စမတ်ဖုန်းတွေထဲမှာ ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ LG ခေါ်ဆိုထားတဲ့ Quad-HD ရုပ်ထွက်နဲ့ ထဲမှတော့ ပထမဦးဆုံး စီးကြောင်း တစ်ခုပါပဲ။ အရည်အသွေးမြင့်မားတဲ့ High-end ဖုန်းတွေမှာသာ သုံးလေ့ရှိတဲ့ IPS LCD နဲ့တောက်ပနေတဲ့ G3 ဟာ 4K ဗီဒီယို လုပ်ဆောင်မူတွေကိုလည်း ပြုလုပ်ဆောင်ရွက်နိင်ပြီး အခြား HTC M8 နဲ့ Galaxy S5 တို့နဲ့ ယှဉ်ရိုက်ကြည့်တဲ့အခါမှာ သိပ်ကို ကောင်းမွန်ရှင်းလင်း ပြတ်သားနေတာကို တွေ့ခဲ့ရပါတယ်။
နောက်ထပ် ကင်မရာမှာ ထပ်ဆောင်းပါဝင်လာတာကတော့ Laser Focus ဖြစ်ပါတယ်။ ထို Laser Focus ဟာ Option နှစ်ခုကို လုပ်ဆောင်ပေးနိင်ပြီး
ပထမတစ်ခုကတော့ ကင်မရာဖွင့်လိုက်တာနဲ့ အရာဝတ္တုတွေကို သူအလိုလို ချိန်းပြီး လုပ်ဆောင်ပေးတာဖြစ်ပြီး နောက်ဒုတိယတစ်ခုကတော့ ကိုယ်လိုချင်တဲ့ အရာဝတ္တုကို Focus ချိန်းကာ ရိုက်ကူးနိင်တယ်ဆိုတဲ့
Option နှစ်ခုပါဝင်ပါတယ်။ အနောက်ကင်မရာက 13 megapixel ဖြစ်ပြီး အရှေ့ကင်မရာက 2.1 ပါ။
အစိတ်အပိုင်းနဲ့ စွမ်းဆောင်ချက်
စံနှုန်းတစ်ခုဖြစ်တဲ့ quad-core Snapdragon processor နဲ့ဖြစ်ပြီး RAM ကတော့ 2GB ရှိပါတယ်။ ဗီဒီယိုတွေကို ကြည်လင်လှတဲ့ 4K ရုပ်ထွက်နဲ့ ကြည့်ရူနိင်ပြီး ကောင်းမွန်လှတယ်လို့ သိရပါတယ်။ Android 4.4 KitKat နဲ့အတူ နောက်ထူးခြားမူတစ်ခုကတော့ G3 ၇ဲ့ထူးခြားလှတဲ့ ကီးဘုတ် ဖြစ်ပါတယ်။ ကီးဘုတ်မှာ ကိုယ်လို ချင်တဲ့ Emotion iCon တွေကို ထည့်သွင်းနိင်ပြီး စာရိုက်ချင်တဲ့ ကီးဘုတ် အရွှယ်အစားကို အသေးလိုချင်ရင် အသေး၊ အကြီး လိုချင်ရင် အကြီး၊ စတဲ့ လက်ကွက်ကို ကျယ်ချင်ရင်လည်း ကျယ်နိင် ချိန်းညှိနိင်ပါတယ်။
နောက်ထပ်အနေနဲ့ LG ဟာ သူရဲ့ Knock to unlock ကို G3 မှာ ပြန်ထည့်ထားတာကို တွေ့ရပါတယ်။ဒီတော့ ဖုန်း မျက်နှာပြင်ကိုလက်နဲ့ ခေါက်လိုက်တာနဲ့ Lock ပွင့်သွားမှာ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ပြောရသော် LG G3 ဟာ ဒီဇိုင်းပိုင်းကိုတိုးတက်ထားပြီး၊ UI နဲ့ UX တွေကိုလည်း စွဲဆောင်မူရှိအောင်လုပ်ထားတာကိုတွေ့ရပါတယ်။ အတွင်း အစိတ်အပိုင်းတွေကလည်း အထင်ကြီးစရာပါပဲ။