Thursday, July 17, 2014

HTC Desire 816 ကို Root လုပ်နည်း နှင့် Custom Recovery သွင်းနည်း

HTC Desire 816 ကို Root လုပ်နည်း နှင့် Custom Recovery သွင်းနည်းကို တင်ဆက်ပေးလိုက်ပါတယ်။ HTC Desire 816 ကို root လုပ်ဖို့အတွက်ဆိုရင်အရင်ဆုံးအနေနဲ့ ဖုန်း Driver ကိုကွန်ပျူတာမှာသွင်းထားရပါမယ်။ Driver software ကိုအောက်က link မှာရယူပါ။

Download MoboRobo Tool (Contains USB + Fastboot Drivers))
Download လုပ်ပြီးရင်တော့ Driver ကို ကွန်ပျူတာမှာ သွင်းထားပါ။

အရင်ဆုံးဖုန်းက Bootloader Unlock လုပ်ပြီးသားဖြစ်ရပါမယ်။ Bootloader Unlock မလုပ်ရသေးရင် Bootloader Unlock လုပ်နည်းကိုအောက်က link မှာလေ့လာပါ။
Bootloader Unlock လုပ်ပြီးပြီဆိုရင်တော့ Root လုပ်ရန်လိုအပ်တဲ့ဖိုင်များကိုအောက်က link မှာရယူပါ။

Needed Files:

အပေါ်မှာပေးထားတဲ့ link 2 ခုထဲက ပထမ လင့်က ဖိုင်ကို ကွန်ပျူတာ Desktop ပေါ်မှာတင်ထားပါ။
ဒုတိယလင့်က ဖိုင်ကိုတော့ ဖုန်းရဲ့ Internal Storage ထဲမှာသွားထည့်ထားပါ။
ဖုန်းကို Power ပိတ်ပြီး Fastboot mode သို့ဝင်ပါ။ Fastboot mode သို့ဝင်ရန် Volume down key + Power button နှစ်ခုကို စက္ကန့်အနည်းငယ်ခန့်တွဲနှိပ်ထားပါ။
ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးဖြင့်ချိတ်ဆက်ထားပါ။
ပြီးရင် Desktop ပေါ်မှာတင်ထားခဲ့တဲ့  Custom Recovery.exe ဖိုင်ကို run လိုက်ပါ။
1
ပြီးရင် Enter ခေါက်လိုက်ပါ။ ဖုန်းထဲကို Custom Recovery သူ့ဘာသူသွင်းသွားပါလိမ့်မယ်။
Recovery သွင်းပြီးသွားပြီဆိုရင် ဖုန်းက Fastboot mode ထဲမှာပဲရှိပါဦးမယ်။ အောက်ပုံမှာပြထားသလို HBOOT mode ဖြစ်နေရပါမယ်။ အဲဒီထဲကနေ RECOVERY ဆိုတာကိုရွေးလိုက်ပြီး  ခုနကသွင်းခဲ့တဲ့ custom recovery ထဲကိုဝင်ပါ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsN4qKJkZOEPUt2TEz6exGa8vLO_D_dMD9TNsJhMkDLX6z38jBtwXYRUiWTkZXG1PTiEfcnoDb69SPAk65o14KViEFtcgxikbwIg0c7oSl8ahpYpogsyGu6KSrnSNGInaFs7On8KW-aD29/s1600/mytouch4g_clearcache1.jpg

Recovery Mode ထဲကိုရောက်သွားပြီဆိုရင်တော့ Install Zip from SD Card ဆိုတဲ့ option ထဲကိုဝင်ပြီး
ခုနက ဖုန်းရဲ့ Internal Storage ထဲမှာထည့်ထားခဲ့တဲ့ Super SU.zip ကိုရွေးပေးပြီး Install လုပ်လိုက်ပါ။ ပြီးရင် Reboot from Recovery ကိုနှိပ်ပြီး ဖုန်းကို restart / reboot ပြန်လုပ်နိုင်ပါပြီ။

သင့်ရဲ့ HTC Desire 816 ဖုန်းကိုအောင်မြင်စွာ root လုပ်ပြီးစီးပြီဖြစ်ပါတယ်။

No comments:

Post a Comment