Wednesday, July 16, 2014

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းစာရင်းတွင် iPhone 5S ထိပ်ဆုံး၌ ရပ်တည်

Apple ၏ iPhone 5S သည် ကမ္ဘာပေါ်ရှိ နိုင်ငံ ၃၅ နိုင်ငံတွင် ထိပ်တန်း စမတ်ဖုန်းတစ်ခု အဖြစ် ရပ်တည်လျက်ရှိကြောင်း ဈေးကွက် သုတေသနအဖွဲ့ Counterpoint Technology ၏ အစီရင်ခံစာအရ သိရသည်။

iPhone 5S ၏ နောက်တွင် Samsung Galaxy S5 က ရပ်တည်နေပြီး ၎င်းတို့၏ နောက်တွင် S4, Note 3, iPhone 5C တို့က အသီးသီးရပ်တည်နေသည်။ အကယ်၍ ၄.၇ လက်မနှင့် ၅.၅ လက်မ iPhone တို့ထွက်ပေါ်လာခဲ့ပါက Apple အနေဖြင့် screen အရွယ်ကြီးမားသည့် စမတ်ဖုန်း ဈေးကွက်တွင် ထပ်မံ ဦးဆောင်နိုင်ဖွယ်ရှိကြောင်း Counterpoint က မှတ်ချက်ပြုခဲ့သည်။


“ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းစာရင်းမှာ phablet ၃ မျိုး ပါဝင်လာပါတယ်။ မေလမှာ ရောင်းချခဲ့ရတဲ့ စမတ်ဖုန်း ၄၀ ရာခိုင်နှုန်းက phablet တွေပါ။ တကယ်လို့ Apple အနေနဲ့ နှစ်ကုန်ပိုင်းမှာ phablet တစ်မျိုးကို ထုတ်ခဲ့မယ်ဆိုရင် နှစ်လအတွင်း ထိပ်တန်း phablet စာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ပါလိမ့်မယ်” ဟု Counterpoint ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထို့အပြင် ComScore ၏ စစ်တမ်းတွင်လည်း အမေရိကန်ရှိ စမတ်ဖုန်း သုံးစွဲသူ ၄၂ ရာခိုင်နှုန်းသည် iPhone ကို သုံးစွဲကြပြီး Samsung ကို သုံးစွဲသူ ၂၈ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြခဲ့သည်။

No comments:

Post a Comment