Wednesday, July 16, 2014

Galaxy Alpha အကြောင်းနှင့် August လတွင် မိတ်ဆက်ဖွယ်ရှိ

Korean Media များမှထွက်ပေါ်လာသော သတင်းများအရ Metal Body နှင့် ထုတ်လုပ်မည်ဖြစ်သော Galaxy F သို့မဟုတ်
Galaxy Alpha ၏ ပုံရိပ်များနှင့် ပါဝင်ဖွယ်ရှိသော အချက်အလက်များထွက်ပေါ်လာခဲ့သည်။
ယခုထွက်ရှိလာသော သတင်းများမှာ စက်ရုံမှ ထွက်ရှိလာသော အချက်အလက်များအပေါ် အခြေခံပြီး Rumors Site များမှခန့်မှန်းပေးခဲ့ခြင်းဖြစ်သည်။
အစောပိုင်းကာလတုန်းက Galaxy F ဟူသောအမည်ဖြင့် ထွက်ပေါ်လာခဲ့ပြီး ယခုမူ
Galaxy Alpha ဟူသော အမည်ဖြင့် ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။
ထွက်ရှိလာသောသတင်းများအရ Galaxy Alpha တွင် 4.7 လက်မ အရွယ်ရှိသော Super AMOLED Display ကို တပ်ဆင်ပေးထားပြီး
အလွန်ပေါ့ပါးသော Premium Metal Body ကို အသုံးပြုထားကြောင်းသိရသည်။
Exynos 5 Octa Core Processor ကို အသုံပြုထားပြီး 6 millimeters သာ ထူမည်ဟု သိရပြီး ပိုမို ပါးလွှာမည်ဖြစ်သည်။
အဆိုပါအထူမှာ Galaxy S5 (8.1 millimeters ) နှင့် iPhone 5s (7.6 millimeters ) တို့ထက်ပိုမို ပါးလွှာမည်ဖြစ်သည်။
Samsung ကမူ Rumors Site များမှ ထွက်ရှိလာသောသတင်း များကိုငြင်းဆိုထားပြီး
ဖုန်းမော်ဒယ် အသစ်ထွက်ရှိမည့်ကြောင်းကိုတော့ အရိပ်အမြွက်ပြောကြားခဲ့သည်။ Rumors Site များကမူ အသစ်ထွက်ရှိလာမည့်
မော်ဒယ်မှာ Galaxy Alpha ဖြစ်ဖွယ်ရှိပြီး iPhone မှ ထွက်ရှိလာမည့် မျက်နှာပြင် ၂ မျိုးကို ယှဉ်ပြိုင်ရန်
4.7 လက်မနှင့် 5.5 လက်မ ၂မျိုးကို ထုတ်လုပ်ဖွယ်ရှိနေသည်။ ထို့အပြင် Samsung မှ Galaxy Note 4 ကိုလည်း ထုတ်လုပ်ဖွယ်ရှိနေပြီး
iDevice များကို ယှဉ်ပြိုင်မည်ဖြစ်သည်ဟု ပြောဆိုထားသည်။
ထွက်ရှိသောသတင်းများမှာ အမှန်တကယ်ဖြစ်မည်ဆိုလျှင် ပါးလွှာသော စမတ်ဖုန်းမျိုးဆက်သစ်ကိုတွေ့ရှိရဖွယ်ရှိပြီး
ယခင်သတင်းထွက်ရှိထားသော Galaxy F ၏ 5.25 လက်မ မျက်နှာပြင်ထပ်ပိုမို သေးငယ်သွားမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာပင် Samsung မှ Iphone ထက် ပိုမိုစောစီးစွာ ပွဲထွက်လာဖွယ်ရှိကြောင်းသိရှိရသည်။
refer : http://www.androidauthority.com/galaxy-alpha-specs-release-404358/

No comments:

Post a Comment