Monday, July 14, 2014

Samsung ဟာ Samsung Apps ကို Galaxy Apps အဖြစ် နာမည်ပြောင်းလဲ ကာ အဆင့်မြင့်တင်မှု ပြုလုပ်ခဲ့

Samsung ဟာ သူ့ရဲ့ ကိုယ်တိုင် Android Application Store တစ်ခုဖြစ်သည့် Samsung Apps ကို အဆင့်မြင့်တင်မှုများ ပြုလုပ်ကာ Galaxy Apps အဖြစ်ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။
ကိုရီးယားအခြေစိုက် ကုမ္ပဏီကနေ ကြေညာလိုက်တဲ့ Galaxy Apps Store ဟာ နာမည်အသစ်ဖြစ်လာသလို တံဆိပ်အသစ်လည်း ဖြစ်လာခဲ့ပါတယ်။ ဒါဟာ Google Play Store ကို စိန်ခေါ်လိုက်မှုတစ်ခုလည်း ဖြစ်လာပါတယ်။
ကုမ္ပဏီက ပြောတာကတော့ အသစ်ဖြစ်လာတဲ့ Galaxy Apps Store ဟာ ယခင်တုန်းက သိထားခဲ့တဲ့ Samsung Apps ဖြစ်ကြောင်း နှင့် Play Store အတွင်းမှာ ပရိုမိုးရှင်းပြုလုပ်ခြင်း ၊ Discount ပေးခြင်းများနှင့် အသုံးပြုသူများအတွက် စိတ်ကြိုက်ပြင်ဆင်ခွင့်များကို ပြောင်းလဲခြင်းမဟုတ်ကြောင်း ဖော်ပြထားပါတယ်။
အသစ်ဖြစ်လာတဲ့ Galaxy Apps ရဲ့ ရှေ့မျက်နှာစာဟာ Samsung စမက်ဖုန်းတွေနဲ့ တက်ဘလက်တွေအတွက် အသုံးပြုနိုင်ပြီး အဓိက အပိုင်းသုံးပိုင်း ခွဲခြားထားပါတယ်။ အဲဒီ အပိုင်းသုံးပိုင်းကတော့ Best Picks, Top နှင့် For Galaxy ဆိုပြီးဖြစ်ပါတယ်။ Best Picks နှင့် Top တို့ရဲ့ မျက်နှာစာမှာ လူသိများတဲ့ apps တွေ ၊ မှတ်ချက်ပေးထားတဲ့ apps တွေကို တင်ပေးထားပြီး အသုံးပြုသူတွေဟာ နေ့စွဲအလိုက် ၊ လူသိများမှုအလိုက် နှင့် ဈေးနှုန်းအလိုက် ရှာဖွေနိုင်ပါတယ်။ For Galaxy ဆိုတဲ့ စာမျက်နှာမှာတော့ ပရိမီယံနှင့် စီးပွားရေးသုံး apps များအဓိက ပါဝင်ပြီး အဓီကအားဖြင့် Galaxy Devices များနှင့် အဲဒါကို အသုံးပြုပြီး Samsung ရဲ့ Software Development Kits ကို အသုံးပြုသူများအတွက် ဖြစ်ပါတယ်။
ဒါဟာ Google Play Store အတွင်းမှာရှိတဲ့ Samsung ရဲ့ ကိုယ်ပိုင် apps တွေကို အပြင်ထုတ်ဖို့အတွက် ပထမဆုံးအကြိမ်ကြိုးပမ်းခြင်းတော့ မဟုတ်ပါဘူး။ Galaxy S5 ကို ထုတ်တုန်းကလဲ ဒေါ်လာ ၅၀၀ ကျော်ရှိတဲ့ ပရီမီယံ apps တွေကို အသုံးပြုဖို့အတွက် လုပ်ခဲ့ပြီး အဲဒီနဲ့ အလားသဏ္ဍန်တူတဲ့ သဘောတူချက်လိုမျိုးတွေကိုလဲ အခြား ဖုန်းတွေ ၊ တက်ဘလ က်တွေမှာ အသုံးပြုခဲ့ပါတယ်။.
Samsung နဲ့ Google တို့ဟာ လွန်ခဲ့တဲ့နှစ်တွေကနေစပြီး Apps တွေ အပေါ်မှာ ပြိုင်ဆိုင်မှုတွေ ရှိခဲ့ပါတယ်။ Samsung ဟာ လက်ရှိမှာ ကမ္ဘာ့ Android Market မှာ ရှယ်ယာ ၃၉.၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး Google Apps တွေကို အသုံးမပြုပဲ ဖြတ်တောက်ချင်နေတဲ့ ကုမ္ပဏီရဲ့ သဘောထားဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ လက်ရှိမှာတော့ Samsung ဖုန်းတိုင်းမှာ Galaxy Apps ကို ပြောင်းလဲအသုံးပြုနိုင်နေပြီဖြစ်ပါတယ်။
Ref : Mashable

No comments:

Post a Comment