Tuesday, July 15, 2014

Apple ရဲ့ iPhone တွေဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း တရုတ်ပြောကြား

တရုတ်နိုင်ငံပိုင် မီဒီယာက Apple Inc ကနေ ထုတ်တဲ့ iPhone တွေဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လျှက်ရှိကြောင်း သောကြာနေ့က ပြောကြားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ စမက်ဖုန်းတွေဟာ အသုံးပြုသူတွေရဲ့ တည်နေရာကို ထောက်လှမ်း နိုင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
CCTV သတင်းဌာနက iPhone နဲ့ ပတ်သက်ပြီး ” ကြိမ်နှုန်းပြလှိုင်းတည်နေရာကို ခြေ ရာခံလိုက်နိုင်တဲ့အတွက် အသုံးပြုသူတွေရဲ့ တည်နေရာကို လွယ်လွယ်ကူကူ ထောက်လှမ်းနိုင်ပါတယ်” လို့ ဝေဖန်ခဲ့ပါတယ်။
ဒါဟာ အချက်အလက်တွေအတွက် အရမ်းကို ထိလွယ်ရှလွယ်တဲ့ အနေအထားတစ်ခုဖြစ်ပါတယ် လို့ CCTV သတင်းဌာနရဲ့က ပြောကြားခဲ့ပါတယ်။ ဒီလိုအချက်အလက်တွေကို ထိုးဖောက်ဝင်ရောက်နိုင်တာဟာ တိုင်းပြည်ရဲ့ လျှိုဝှက်စီးပွားရေးအခြေအနေတွေကိုပါ ထိုးဖောက်ရယူနိုင်တဲ့ အနေအထားတွေ ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Apple ကတော့ တုန့်ပြန်မှုချက်ချင်း ပြုလုပ်ခဲ့ခြင်း မရှိပါဘူး။
တရုတ်နိုင်ငံပိုင် မီဒီယာကတော့ Apple ကုမ္ပဏီဟာ အမေရိကန်အစိုးရအတွက် တရုတ်နိုင်ငံအတွင်းမှာ လျှိုဝှက်ထောက်လှမ်းမှုတွေ လုပ်ပေးနေတယ်ဆိုတဲ့ အကြောင်းနှင့် အဲဒီအတွက် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားသင့်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါအပြင် Apple ရဲ့ ၀န်ဆောင်မှုအပိုင်းမှာလည်း အတော်လေးညံဖျင်းတယ်ဆိုတဲ့အကြောင်းလဲ ဝေဖန်ခဲ့ပါတယ်။

No comments:

Post a Comment