Wednesday, July 16, 2014

Android ဖုန်းတွင် Software များပြီး လေးလံနေသူတွေ နဲ့ ဘတ္တရီကြာရှည် အသုံးခံ ချင်တဲ့သူတွေ အတွက် Greenify ဆိုတဲ့ App အသုံးပြုနည်း

10421116_762987163753988_4567401611542960013_n 1907374_762987187087319_8829858234728030701_n 10472731_762987230420648_5814948063988106042_n
ဖုန်းပေါ့ပါးစေရန် Cleaner လို Software တွေ Booster လို Software တွေ သုံးတာ မကောင်းဘူးလို့ Developerတွေ ညွှန်းတဲ့ Post တွေမှာဖတ်ရပါတယ် Cleaner တွေ Booster တွေသုံးခြင်းဖြင့် ကြာလာရင် ဖုန်းရဲ့စွမ်းဆောင်ရည်တွေကို ထိခိုက်လာတတ်ပါတယ် ဟုတ်ကဲ့ ဒါဆို ဘာဘီ တို့ ဘာကိုသုံးရမလဲ
Google က Android 4.0 မှာ
Hibernate လုပ်လို့ ရတဲ့ Function တစ်ခုပေါင်းထည့်ပေးခဲ့ပါတယ် အခု Hibernate လုပ်မယ့် Greenify ဆိုတဲ့ App အသုံးပြုနည်းကို တင်ပြသွားပါမယ်ရှင့် ဒါ့အပြင် ဒီ Software က ဖုန်း ဘတ္တရီကိုလဲ ကြာရှည်ခံစေပါတယ်
ဒီ App ကိုသုံးဖို့အတွက်
ပထမဆုံးပြောချင်တာက Android Version က 4.0 နဲ့အထက် ရှိရပါမယ် ပြီးတော့ Root ရှိရပါမယ်
Android Version 4.0 နဲ့အထက် ကိုင်ဆောင်ထားပြီး Root ရှိပြီဆိုရင် တော့
ဒီ APK တွေကို ဒေါင်းလိုက်ပါ
၁ ။ Xposed Installer
၂ ။ Greenify
ဒေါင်းပြီရင် အဲဒီ Software ၂ ခုလုံးကို Install လုပ်လိုက်ပါ
၂ခုလုံး Install လုပ်ပြီးသွားရင်
တော့
၁ ။ Xposed Installer ဆိုတဲ့ app ထဲကို ၀င်လိုက်ပါ
Modules ကိုနှိပ်ပြီး Greenify ကိုအမှန်ခြစ်ပေးလိုက်ပါ
၂ ။ Framework ကိုဝင်ပြီး
Install/Update ကိုနိပ်ပြီ Install လုပ်လိုက်ပါ Reboot တောင်းလာပါလိမ့်မယ် Restart လုပ်ပေးလိုက်ပါ
၃ ။ ဖုန်းပြန်တက်လာရင် Greenify ထဲကိုဝင်လိုက်ပြီး အောက်မှာရေးထားတဲ့ GREENIFY ကို နှိပ်လိုက်ပါ
၎ ။ App Analyzer ဆိုတဲ့နေရာကို ရောက်ပါမယ် အဲဒီထဲက Show More App ကို နှိပ်ပါ
၅ ။ အဲဒီ App ထဲက အမြဲ Run နေရန် မလိုအပ်ဘူးထင်တဲ့ App အားလုံကို Select လုပ်ပါ
(ဥပမာ – Keyboard တို့ Callrecoder တို့လိုအမြဲအဆင်သင့်ဖြစ်နေရန် လိုအပ်တဲ့ Software တစ်ချိုမှလွဲ၍ကျန်တဲ့ App တွေ အားလုံးကို Select လုပ်ပြ်ီး အပေါ်ထောင့်နားက အမှန်လက္ခဏာ အမှတ်သားကို နှိပ်လိုက်ပြီး ခေတ္တစောင့်ပါ
၆ ။ ပြီးသွားရင် အောက်နားလေးက Menu ပုံစံကို နှိပ်ပီး Experimental factures ကိုနှိပ်ပါ
၇ ။ Experimental factures ထဲမှ
Requires xposed facture ခေါင်းစဉ်အောက်ရှိ အချက်လက်များကိုအမှန်ခြစ်ပေးပါ
၈ ။ အားလုံးပြီးပါက back ကိုတစ်ချက်နိပ်ပြီ အောက်နားက Menu ပုံစံကိုထပ်နှိပ်ပြီး Crate hibernation shortcut ကိုနှိပ်ပါ ပြီးရင်ပြန်ထွက်လိုက်ပါ။
၉ ။ Desktop ပေါ်မှာ Hibernate Now ဆိုတဲ့ Shortcut တစ်ခုပေါ်လာပါမယ် အဲဒီ Shortcut ကို
ဖုန်းလေးလာရင်ဖြစ်ဖြစ် app တစ်ခု သုံးတော့မယ်ဆိုရင် ဒါမှ မဟုတ် app တစ်ခုသုံးပြီးတိုင်း တစ်ချက် Click ပါ ဒါဆို ဖုန်း ပေါ့ပါးသွက်လက်ပြီး ဘတ္တရီလဲကြာရှည်ခံပါမယ်။
အားပေးနေသော Mobile User အားလုံးကို အစဉ်လေးစားလျက်ပါ။

No comments:

Post a Comment