Wednesday, May 21, 2014

ဖုန်းပေါ်ကနေ ကြီးမားကျယ်ပြန့်တဲ့ Projector တွေထိုးပြဖို့ Panasonic မိတ်ဆက်

မိုဘိုင်းလ်ဖုန်းနဲ့ Tablet တွေပေါ်ကနေ ကြီးမားတဲ့ Screen အဖြစ်နဲ့ Projector ထိုးပြချင်ပါသလား။ စာသင်ခန်း၊ အစည်းအဝေးခမ်းတွေကနေ အိုလံပစ်ပိတ်ပွဲ ဖွင့်ပွဲတွေအထိ သုံးလို့ရနိုင်မယ့် Projectors တွေကို Panasonic က မိတ်ဆက်လိုက်ပါပြီ။
နည်းပညာသစ်နဲ့ထုတ်လုပ်လိုက်တဲ့ Projector တွေဟာ ကိုယ်ပြချင်တဲ့ Screen အကြီးအသေးအလိုက် Projector တွေချိတ်ဆက်ပြီး ထိန်းညှိနိုင်သလို Wireless နည်းပညာလည်း အသုံးပြုထားတယ်လို့ မြန်မာပြည်ရဲ့ အရောင်းကိုယ်စားလှယ် Gandamar Wholesale က ဆိုပါတယ်။
ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ စတင်ဖြန့်ချိရောင်းချနေပြီး ဈေးနှုန်းကတော့ မြန်မာငွေ ၄သိန်းကနေ ၁ဝသိန်းကျော်ထိရှိပေမယ့် သင့်တော်တဲ့ဈေးနှုန်းအလိုက် မြန်မာပြည်နဲ့ သင့်တော်မယ့် Projector တွေကို ရောင်းချသွားမယ်လို့ ဆိုပါတယ်။
မေလ ၁၉ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့တဲ့ Panasonic Projector တွေဟာ သမားရိုးကျ Projector တွေနဲ့ မတူညီသလို ကြီးကျယ်ခမ်းနားတဲ့အခမ်းအနားတွေထိပါ သုံးစွဲနိုင်ပြီလို့ ဆိုပါတယ်။

No comments:

Post a Comment