Thursday, May 29, 2014

အူရီဒူးမှ ဆာဗေး ကောက်ယူခြင်းမှာ အများစု သုံးနေသည့် ဟန်းဆက်နှင့် 3G စနစ် အဆင် ပြေ၊ မပြေ သိရန် ကောက်ယူခြင်း ဟု ဆို


အူရီဒူးမြန်မာ မှ မိုဘိုင်း ဖုန်းဆိုင်များတွင် ပြည်သူလူထု ထံမှ ကောက်ယူနေသည့် ဆာဗေး ဖောင်များမှာ ဆင်းမ်ကတ် ရောင်းချခြင်း အတွက် Register ပြုလုပ်ရန် ကောက်ယူခြင်း မဟုတ်ဘဲ ပြည်သူများ ကြားတွင် အများစု သုံးနေသည့် ဟန်းဆက် အမျိုးအစားနှင့် မည်ကဲ့သို့ ဝန်ဆောင်မှုမျိုး ပေးရမည်ကို သိရှိရန် အတွက် ကောက်ယူခြင်းသာ ဖြစ်ကြောင်း သတင်း ရရှိသည်။
ကျွန်တော်တို့ အခုလို ကောက်ယူနေ တာဟာ ဆာဗေးဖောင် ကောက်ယူ တာပဲ ဖြစ်ပါတယ်။ Register လုပ်ဖို့အတွက် ကောက်တာ မဟုတ်ပါဘူး။ လူတွေရဲ့ လက်ထဲကို 3G စနစ်နဲ့ ဘယ်လို ဝန်ဆောင်မှု ပေးရမလဲ ဆိုတာကို သိနိုင်ဖို့ အတွက် ကောက်တာ ဖြစ်ပါတယ်။ ဆင်းမ်ကတ် ဝယ်ဖို့ အတွက် ဆိုရင် ဖောင်ဖြည့်ဖို့ မလိုပါဘူး ဟု အူရီဒူးမြန်မာ ၏ အမှုဆောင် အရာရှိချုပ် Mr. Ross Cormack က ပြောသည်။
လက်ရှိတွင် ပြည်တွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင် အချို့တွင် အူရီဒူးမှ ပေးထားသော ဖောင်များကို ဖြည့်ပါက ဆင်းမ်ကတ် ရောင်းသည့် အခါတွင် ရရှိမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေ သည့်အတွက် ယခုလို ရှင်းလင်း ဖြေကြားခြင်း ဖြစ်ပြီး ပြည်တွင်း၌ လူအများစု သုံးနေသည့် ဟန်းဆက် များသည် ၎င်းတို့မှ ဝန်ဆောင်မှု ပေးသည့် 3G စနစ်ကို ပြည့်ဝစွာ ထောက်ပံ့မှု ပေးနိုင်ခြင်း ရှိ ၊ မရှိကို သိရှိနိုင်ရန် အတွက် ကောက်ယူခြင်းလည်း ဖြစ်ကြောင်း သတင်း ရရှိသည်။
ကျွန်တော်ရဲ့ 3G ကွန်ရက် ဝန်ဆောင်မှုကို အပြည့်အဝ သုံးနိုင်ဖို့ ဆိုရင် 3G စနစ်ကို အထောက်အပံ့ ပေးတဲ့ ဟန်းဆက်တွေကို သုံးဖို့ လိုပါတယ်။ တချို့ ဟန်းဆက်တွေက 3G ဆိုပေမယ့် အပြည့်အဝ အသုံးပြုလို့ မရတာကို တွေ့ရ တဲ့အတွက် အခုလို ဆာဗေး ကောက်ယူတာ ဖြစ်ပါတယ် ဟု Ross Cormack က ဆိုသည်။
အူရီဒူးမြန်မာ အနေဖြင့် လက်ရှိတွင် လူဦးရေ ငါးထောင် ဝန်းကျင်ခန့်ကို ဆာဗေးဖောင် ကောက်ယူ ထားပြီး ဆင်းမ်ကတ်များ ရောင်းချ ရာတွင်လည်း အသုံးပြု သူများ အနေဖြင့် 3G စနစ်အား အပြည့်အဝ ထောက်ပံ့ပေး နိုင်မည့် ဟန်းဆက်များကို ဝယ်ယူ အသုံးပြု နိုင်ရန် အတွက် ၎င်းတို့၏ အရောင်း ကိုယ်စားလှယ် ဆိုင်များမှ တစ်ဆင့် ပြည်သူများကို ရှင်းပြပေးမည့် စနစ်ကိုလည်း ကျင့်သုံး သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment