Friday, May 30, 2014

ကျပ်ငွေ (၄)သိန်း နီးပါးတန် အမြင့်စား Hauwei Ascend P7




မေလ ၃၀ ရက်နေ့ မနက် ၁၀နာရီ ၊ ဆူးလေ ၊ ရှန်ဂရီလာ ဟိုတယ်တွင် Hauwei ရဲ့ နောက်ဆုံးထွက်မော်ဒယ်လ် Ascend P7 ကို စာနယ်ဇင်းနဲ့ ပြည်သူလူထုများဆီ မိတ်ဆက်ပွဲကျင်းပခဲ့ပါတယ်။ မီဒီယာ၊ စာနယ်ဇင်းများနဲ့ အရပ်ရပ်မှာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး အနုပညာရှင် Hauwei Brand Ambassador တစ်ဦးဖြစ်သူ ၀တ်မှုန်ရွှေရည်လည်းပါဝင်ခဲ့ပါတယ်။

ပထမဦးစွာ Hauwei ကုမ္ပဏီမှာ country Director Mr. Roson Luo မှ အဖွင့်စကားပြောကြားခဲ့ပြီး အခြား ကုမ္ပဏီရဲ့ မားကတ်တင် တာဝန်ရှိသူများက P7 အကြောင်းကို မိတ်ဆက် ရှင်းလင်းခဲ့ကြပါတယ်။ Hauwei Brand Ambassador တစ်ဦးဖြစ်သူ ၀တ်မှုန်ရွှေရည်က Hauwei ရဲ့ Ascend P7 ရဲ့ ကင်မရာပိုင်းကို သဘောကျနှစ်သက်ကြောင်း၊ အကြောင်းကတော့ သူမဟာ
Selfie တွေကို ရိုက်ကူးရတာကို သဘောကျနှစ်သက်တဲ့အတွက် ၊ P7 မှာ အရှေ့ကင်မရာကို ထူးထူးခြားခြား ဆောင်ရွက်မူတွေနဲ့ မြင့်တင်ထားပြီး ဓာတ်ပုံတွေကို ပိုမိုကြည့်ကောင်း စေတဲ့
Function တွေပါဝင်လို့ပါလို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ရိုက်ကူးရေးတွေ သွားတဲ့အခါ မိမိကိုယ်ကိုယ် စိတ်တိုင်းကျရိုက်ကူးနိင်ပြီး အမိုက်စား ဓာတ်ပုံတွေကို ရရှိနိင်လို့ ကြိုက်ရခြင်း ဖြစ်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။
ထိုနောက်မှာတော့ ကုမ္ပဏီရဲ့ ကုန်ပစ္စည်း မန်နေဂျာ Mr.Joyas Zhu မှ P7 ရဲ့ ဆက်သွယ်မူ ကွန်ရက်အကြောင်းကို ရှင်းပြခဲ့ပါတယ်။ ထိုနောက်မှတော့ မြန်မာ ပရိသတ်များအတွက် Hauwei ဈေးကို တရားဝင်ကြေငြာခဲ့ပါတယ်။

Hauwei ရဲ့ အသေးစိတ်သုံးသပ်ချက် ကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ရပါတယ်။

Hauwei ရဲ့နောက်ဆုံးထွက် နည်းပညာတိုးတက်မူတွေနဲ့ ထုတ်လုပ်ထားတဲ့ Ascend P7 ပါ။ နောက်ဆုံးထွက် အမြင့်စား စမတ်ဖုန်းတွေနဲ့ ပါးလွှားမူ၊ အရွှယ်အစား၊ အလေးချိန်ပိုင်းနဲ့ ကင်မရာပိုင်းတွေမှာ ကောင်းကောင်းယှဉ်လို့ရတဲ့ ဖုန်းဖြစ်ပါတယ်။
နောက်ဆုံးထွက် Android ဗားရှင်းဖြစ်တဲ့ 4.4 KitKat သုံး၊ မြန်နှုန်းမြင့် Quad-core 1.8 GHz ဖြစ်ပြီး အင်တာနက်နဲ့ ဆက်သွယ်မူတွေအတွက် အခြားဖုန်းတွေထက်
လိုင်းဆွဲအားပိုကောင်းတဲ့ လိုင်းဖမ်းယူမူ အင်တာနာ (၂) ချောင်းနဲ့ဖြစ်ပါတယ်။ 4G LTE တွေကို ဖမ်းယူနိင်မှာ ဖြစ်ပြီး ဒေါင်းလုပ်ခ်
မြန်နှုန်းကတော့ 1GB ရှိတဲ့ ဗီဒီယိုရုပ်ရှင်တစ်ခုကို 1min ဖြစ်ပါတယ်။ 2G , 3G ဖုန်းခေါ်ဆိုမူတွေမှာလည်း (၁) စက္ကန့်ထဲနဲ့ စောင့်ဆိုင်းစရာမလိုပဲ ခေါ်ဆိုနိင်မှာ ဖြစ်ပါတယ်။ အရွယ်အစားအထူက ကမ္ဘာ့အပါးလွှားဆုံးဖြစ်တဲ့ ၆.၅ မီလီမီတာနဲ့ဖြစ်ပါတယ်။ အသွင်အပြင်တွေက ချောမွတ်လှပလှတဲ့ အလွှယ (၇) ထပ်ပါရှိတဲ့ နောက်ဖုံးအပိတ်နဲ့ ဖြစ်ပါတယ်။ ကင်မရာအပိုင်းအနေနဲ့ အရှေ့ကင်မရာမှာတင် 8 Mp ရှိပြီး ကင်မရာအလေးပေးပြုလုပ်ထားကာ ရှည်လျားတဲ့ Panorama selfie ပုံတွေကို ရိုက်ကူးနိင်ပြီး Beauty mood လို့ခေါ်တဲ့ ရိုက်ပြီးသား ပုံတွေရဲ့ အလင်းအမှောင်တွေကို ညှိယူနိင်တဲ့ အစိတ်အပိုင်းတွေပါဝင်ပါတယ်။ i Phone 5S နဲ့ ယှဉ်ရိုက်ကြည့်တဲ့အခါမှာ ဓာတ်ပုံသားဟာ ပိုမိုသာလွန်ကောင်းမွန်နေတာကို တွေ့ခဲ့ရပါတယ်။ iPhone 5S က natural ပိုဆန်ပါတယ်။ အနောက်ကင်မရာကတော့ 13MP နဲ့ သိပ်ကို ကောင်းပါတယ်။ ဘတ္တရီ ကတော့ 2500 mAh ရှိကာ ပုံမှန်အနေအထားဖြင့် ဖုန်းကို အသုံးပြုမယ်ဆိုရင် (၂) ရက်တိတိ အားမသွင်းပဲ အသုံးပြုနိင်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment