Wednesday, May 21, 2014

Apple ရဲ့ မူလ Logo တံဆိပ် လေလံတွင် ဈေးတက်နေ

မိတ်ဆွေတို့ Apple ရဲ့ Logo တံဆိပ်ကို တစ်နေ့တည်းမှာ အချိန်ပေါင်းများစွာ မြင်ကောင်းမြင်နေပါလိမ့်မယ်။ ထိုမြင်တွေရနေတဲ့ ဒီဇိုင်းဟာ ကုမ္ပဏီတည်ထောင်ပြီး ၁၉၇၆ ကတည်းက ထပ်မံပြောင်းလဲလိုက်တဲ့ တံဆိပ်တစ်ခုပဲဖြစ်ပါတယ်။ မကြာမီ ထို Apple ရဲ့ မူလ တံဆိပ်ကို ရရှိနိင်ဖို့ အခွင့်အေ၇းတစ်ခု ရရှိနိင်ပါလိမ့်မယ်။ ဒါပေမဲ့ ဈေးတော့မပေါပါဘူး။ သက်တံ Logo တစ်ခုဖြစ်တဲ့ Apple မူလ တံဆိပ်ကို နယူးယောက်မြို့မှာ ရှိတဲ့ Bonhams မှာ လေလံမှာ မပြတ်သေးပဲ တစ်ခါ ထပ်ရရှိနိင်တယ် ဆိုတဲ့ သတင်းဖြစ်ပါတယ်။

လေလံ ၀က်ဆိုဒ်တစ်ခုဖြစ်တဲ့ bonhams.com တွင် ဒေါ်လာ ၁သောင်းကနေ ၁သောင်းခွဲစွန်းစွန်းကနေပြီး စတင်မှာ ဖြစ်ပြီး နောက်ဆုံးဈေးကတော့ ပိုပြီး မြင့်မားလာမှာ ဖြစ်ကြောင့် အခြားပြောစကားများ အရ သိရပါတယ်။ ထို သက်တမ်း တံဆိပ်ဟာလည်း ကုမ္ပဏီရဲ့ ပထမဆုံး တံဆိပ်တစ်ခုမဟုတ်သေးဘဲ မူလအစက ရူပဗေဒနဲ့သချာင်္ ဆရာတစ်ယောက်ဖြစ်တဲ့ အိုင်းရစ်နယူတန်ဟာ သစ်ပင်တစ်ပင်ရဲ့အောက်မှာ ထိုင်နေတဲ့ပုံဖြစ်ပါတယ်။

No comments:

Post a Comment