Tuesday, May 20, 2014

ထင်းမီးဖိုနဲ့ လျှပ်စစ် အားသွင်းမယ်

နည်းပညာရဲ့ ဆန်းကြယ်မူက အံ့သြစရာပါပဲ။ ထင်း၊ သစ်သားနဲ့ တုတ်ချောင်းတွေကိုသုံး၊ ထားတဲ့ မီးဖိုတစ်ခုမှာ အပေါ်က စားစရာတွေကို ကင်ပြီးစားနိင်မဲ့အပြင် မီးဖိုရဲ့ ဘေးဘက်က ၅၀ပ်ရှိတဲ့ လျှပ်စစ်အားကို လည်ပတ်အသုံးပြုနိင်ပြီး ပါဝါအား သိုလှောင်ရယူနိင်ကာ ဖုန်းအားသွင်းခြင်း၊ အခြား USB မီးထွန်းနိင်ခြင်း၊ စတဲ့လုပ်ဆောင်မူတွေကို လုပ်ဆောင်နိင်မှာ ဖြစ်ပါတယ်။ ထိုမီးဖိုကို Biolite လို့အမည်ရှိ ထားပြီး
အအလွယ်တကူသယ်ဆောင်သွားနိင်တဲ့အတွက် ယာယီအပျော်ခရီးတွေနဲ့ ပျော်ပွဲစားတွေမှာ သုံးနိင်ပါမယ်။

စက်ရဲ့ အလုပ်လုပ်ပုံကတော့ အပူကနေ လျှပ်စစ်စွမ်းအင်ကိုတိုက်ရိုက်ပြောင်းပေးနိင်တဲ့ Thermoelectric generator ရဲ့လုပ်ဆောင်မူတွေတစ်ဆင့် လျှပ်စစ်ဓာတ်အားကို ရယူနိင်တာဖြစ်ပါတယ်။ ၂၀၁၂ ကတည်းက ရရှိနေပေမဲ့လည်း ဒီတစ်ခေါက်ထုတ်ထားတဲ့ မီးဖိုက ပိုကြီးပြီး တစ်ခါတည်းနဲ့ ဟမ်ဘာကာ (၈) လုံး ကင်နိင်ပါတယ်။ စက်တင်ဘာလလောက်မှာ တစ်ခုကို ဒေါ်လာ ၂၉၉ ဖြင့် ရယူနိင်ပါလိမ့်မယ်လို့ သိရှိရပါတယ်။


No comments:

Post a Comment