Wednesday, May 28, 2014

စမတ် သတိပေးခြင်းတွေပါဝင်လာတဲ့ LG G3



မနေ့က လန်ဒန်မှာ ကျင်းပခဲ့တဲ့ LG ပွဲမှ အချက်အလက်တစ်ချို့ဖြစ်ပါတယ်။ မကြာခင်က သိရှိခဲ့ကြပြီးသည့်အတိုင်း G3 ဟာ ၅.၅ လက်မ ရှိတဲ့ HD မျက်နှာပြင်တွေနဲ့ လာခဲ့တာဖြစ်ပြီး မြန်နှုန်း 2.5 တွင် Snapdragon 801 ချိပ်စ်နဲ့လာခဲ့တာ ဖြစ်ပါတယ်။
Android 4.4 KitKat , RAM 2GB နဲ့ဖြစ်ပြီး နဂိုပါပြီးသား အတွင်း မှတ်ဥာဏ်ကတော့ 16 GB ဖြစ်ပါတယ်။ ၀ိုင်ယာလစ် အားသွင်းမူ၊
SD ကဒ်ထောက်ပံမူတွေနဲ့ ဘတ္တရီက 3,000 mAh သုံးပါ။ မိန်းကင်မရာရဲ့ megapixel ကတော့ 13 megapixel ဖြစ်ပြီး လေဆာ အော်တို Focus တွေပါ
ပါလာတယ်လို့ သတင်းစကားတွေက ဆိုထားပါသေးတယ်။
ဖုန်းကို တစ်ခြားဘာနဲ့မှ မရောထားတဲ့ သတ္တုတွေနဲ့ပြုလုပ်ထားပြီး ခြစ်ရာ မထင်စေပါဘူး။ သို့ပေမဲ့ G flex ကဲ့သို့တော့ အပြည့်အ၀ မဟုတ်ပါဘူး။ အရောင်တွေအနေနဲ့ သတ္တုအမည်းရောင်၊ ရွှေရောင်တောက်တောက်၊ ခရမ်းရောင်အဖျော့နဲ့ ပိုးဖြူရောင် ၊ အနီ တို့ကိုရွေးနိင်မှာ ဖြစ်ပြီး လက်ဗွေရာ စနစ်နဲ့ ဒီဇိုင်းပိုင်းမှာ နည်းနည်း G2 ထက်လျော့နေတယ်လို့
ဆိုပါတယ်။
UI က ပြောင်းလဲ တိုးတက်ထားပြီး Google Now နဲ့ Smart Notice ကို ပါဝင်ထားပါတယ်။ စမတ်သတိပေးမူဟာဆိုရင်တော့ ဖုန်း Miss call တွေကို မေ့လျော့နေခြင်းမရှိအောင် သတိပေးပေးမှာ ဖြစ်ပြီး အသံနဲ့ မတ်ဆေ့ပို့နိင်ခြင်းတွေကိုပါ ပြုလုပ်နိင်ကာ တစ်ခါတစ်လေ ခေါ်လာတဲ့ ဖုန်းတွေကို contact စာရင်းထဲမှာ မှတ်ဖို့ အသိပေးခြင်းကဲ့သို့
နည်းပညာတွေပါဝင်လာတယ်လို့ သိရပါတယ်။ ဈေးနှုန်းနဲ့ ရရှိနိင်တဲ့ နေရာတွေကိုတော့ မသိရှိရသေး ကာ ထွက်မယ်ဆိုလျှင်တော့ ကိုးရီးယားကို အရင် ရောက်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment