Tuesday, May 20, 2014

Mobile Application ကို နိုင်ငံပေါင်းစုံ ယှဉ်ပြိုင်ရန် မြန်မာကိုဖိတ်ခေါ်

World Summit Award အဖွဲ့ အစည်းမှ ဦးဆောင်ကျင်းပသည့် ၂၀၁၄ ခုနှစ် Mobile Application ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကို ဖိတ်ခေါ်ထားသည်ဟု သိရသည်။

မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး ဆုရရှိခဲ့ပါက Abu Dhabi တွင် ကျင်းပပြုလုပ်မည့် Mobile Global Congress သို့ တက်ရောက်၍ ဆုရယူရမည်ဟု သိရသည်။ စိတ်ပါဝင်စားသည့် Software Developer များ၊ တီထွင်ဖန်တီးလိုသူများ၊ ကျောင်းသား ကျောင်းသူများသည် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟုသိရသည်။

Government and Participation, mEnviroment & Health, mLearning & Education, mEntertainment & Lifestyle, m Tourism & Culture, m Media & News, m Business & Commerce, m Inclusion & Empowrment ခေါင်းစဉ်များနှင့် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Project ကို ဇွန် လ ၅ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဟု သိရသည်။

တင်သွင်းသည့် Project များကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး World Summit Award အဖွဲ့အစည်းသို့ ပြန်လည်ပေးပို့သွားမည်ဟုလည်း သိရသည်။ ပြိုင်ပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို www. wsa-mobile.org ၌ ကြည့်ရှုနိုင်မည်ဖြစ်သည်။

No comments:

Post a Comment