Wednesday, May 21, 2014

ဆက်သွယ်ရေးနည်းပညာကွန်ယက်ကို အဆင့်မြင့်တင်ရန် Nokia ကုမ္ပဏီစီစဉ်နေ

မန်မာ့ဆက်သွယ်ရေးနည်းပညာကိုအဆင့်မြင့်တင်ပေးရန် Nokia(NSN) ကုမ္ပဏီက Ooredoo ကုမ္ပဏီနှင့်ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဟု သိရသည်။ Nokia ကုမ္ပဏီက(၂၀၁၁)ခုနှစ် နောက်ပိုင်းတွင်
NSN ဆိုသည့်အမည်ဖြင့် ပြောင်းလဲလည်ပတ်နေခြင်းဖြစ်သည်။ မကြာခင်တွင်ထွက်ရှိလာမည့် Ooredoo ကုမ္ပဏီက ထုတ်လုပ်လိုက်သော မိုဘိုင်းဖုန်းများသည် Nokia ကုမ္ပဏီက 3G ကွန်ရက်ကို ယခုထက် အဆင့်မြင့်တင်ပြီး သုံးစွဲနိုင်အောင်စီစဉ်ပေးသွားမည်ဖြစ်သည်ဟု သိရသည်။ လာမည့်(၂၀၁၅)ခုနှစ်တွင် မြန်မာနိုင်ငံ၏ (၈၀)ရာခိုင်နှုန်းကို
မိုဘိုင်းဆက်သွယ်ရေး ကောင်းမွန်အောင်ပြုလုပ်သွားမည်ဟု Nokia(NSN)ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေအကြီးအကဲ
ရာမန်ဗက်တူမလီက ပြောကြားသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတိုးတက်မှုကို နိုင်ငံတကာအသိအမှတ်ပြုနိုင်ပြီး(၂၀၂၀) ခုနှစ်တွင် မိုဘိုင်းဒေတာ(၁GB)အထိသုံးစွဲနိုင်အောင်ဆောင်ရွက် သွားမည်ဟု လည်းဆိုသည်။မေလ(၁၉)ရက်နေ့က နေပြည်တော်တွင် ရှိသောရွိုင်ရယ်ကုမုဒြာဟိုတယ်၌ မြန်မာ့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် Nokia(NSN)ကုမ္ပဏီတွင် တာဝန်ရှိသူများ တွေ့ဆုံပြီး ဆက်သွယ်ရေးနည်းပညာကွန်ယက် အဆင့်မြှင့်တင်ရေးကိစ္စတွေဆွေးနွေခဲ့သည်ဟု သိရသည်။

No comments:

Post a Comment