Saturday, May 31, 2014

နဂို ရရှိနေတဲ့ ၀ိုင်ဖိုင်ထက် ဆယ်ဆ ပိုမြန်တဲ့ Huawei ရဲ့ Ultrafast ၀ိုင်ဖိုင်


တရုတ် ကွန်မြူနကေရှင် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Huawei ဟာ ရှန်ဟိုင်း တက္ကသိုလ် တစ်ခုအတွင်းမှာ ၀ိုင်ဖိုင် စမ်းသပ်မူတွေ ပြုလုပ်ခဲ့ပြီး ပြုလုပ်မူတွေကနေ ယနေ့တွေ မှာ အများပြည်သူတို့ ပုံမှန်ရရှိနေတဲ့ ၀ိုင်ဖိုင်ထက် (၁၀) ဆမြန်တဲ့ ၀ိုင်ဖိုင် 10 Gbps ကို ရရှိအောင် စမ်းသပ်နိင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် မှာ တရားဝင် မိတ်ဆက်မဲ့ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့တာဖြစ်ပြီး ပထမဆုံး စမ်းသပ်မူမှာတင် ယခုလို မြန်နှုန်းမြင့် ၀ိုင်ဖိုင်ကို စမ်းသပ် ရရှိခဲ့တာဖြစ်ပါတယ်။
ထိုကဲ့သို့ ၀ိုင်ဖိုင် မြန်နှုန်းများကို ရရှိလာပါမူ အကြီးမားဆုံး ခေတ်သစ်ရဲ့ အချက်အလက် စီးဆင်းမူကို ထောက်ကူနိင်မှာ ဖြစ်ပါတယ်။ အနာဂတ်ခေတ်ရှေ့ပြေးပုံစံ ဖြစ်တဲ့ 10 Gbps ၀ိုင်ဖိုင်နှုန်းကို အချက်အလက် ကူးပြောင်းမူနှုန်း 10.53Gbps ဖြင့် 5GHz ကြိမ်နှုန်းပေါ်တွင် ရရှိခဲ့တာ ဖြစ်ပါတယ်။ Huawei အနေနဲ့ ထို UltraFast မြန်နှုန်းရှိတဲ့ ၀ိုင်ဖိုင်ကို ၂၀၁၈ ခုနှစ် တရားဝင် ထွက်ရှိလာနိင်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။

No comments:

Post a Comment