Saturday, June 21, 2014

'' ၂.၅ လက်မ screen ပါဝင်သည့် Apple #iWatch ကို အောက်တိုဘာလတွင် ရောင်းချမည်ဟုဆို...

ပါးလျသည့် ထောင့်မှန်စတုဂံ display ပါဝင်သော #Apple ထုတ်ကုန်တစ်ခုကို ဇူလိုင်လတွင် စတင်ထုတ်လုပ်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

Apple က ငှားရမ်းထားသည့် #Quanta သည် အောက်တိုဘာလထက် နောက်မကျဘဲ မိတ်ဆက်ပေးရန် စီစဉ်သည့် အနေဖြင့် ဝတ်ဆင်နိုင်သောထုတ်ကုန်ကို ဇူလိုင်လတွင် စတင်ထုတ်လုပ်မည် ဖြစ်ကြောင်း #Reuters က ဖော်ပြခဲ့သည်။

အဆိုပါ စမတ်နာရီကို iWatch ဟု အမည်ပေးထားပြီး အရွယ်အစား ၂.၅ လက်မရှိသည့် display တစ်ခု ပါဝင်ကြောင်း အထက်ပါ သတင်းဌာနက ပြောကြားခဲ့သည်။ ယခင် သတင်းဖော်ပြချက်များတွင်မူ Apple ၏ နာရီသည် သေးငယ်ဖွယ်ရှိပြီး အရွယ်အစား ၁.၅ လက်မထက် မပိုကြောင်း၊ ၎င်းကို စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင် မိတ်ဆက်ပေးဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

အကယ်၍ Apple အနေဖြင့် စမတ်နာရီ တစ်မျိုးကို မိတ်ဆက်ပေးခဲ့ပါက ကိုယ်ပိုင် စမတ်နာရီ ထုတ်လုပ်ထားကြသည့် Samsung, Sony နှင့် LG တို့ဖြင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ်ရှိသည်။

#Apple စမတ်နာရီနှင့် ပတ်သက်၍ ကောလာဟလ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း ကုမ္ပဏီအနေဖြင့် လူသိရှင်ကြား ထုတ်ဖော်ပြောကြားမှုများ မပြုလုပ်သေးပေ။

Reuters ၏ အဆိုအရ Apple စမတ်နာရီ၏ မျက်နှာပြင်သည် လက်ပတ်ကြိုးမှ အပေါ်သို့ အနည်းငယ် မြင့်တက်နေပြီး ၎င်းတွင် ကြိုးမဲ့အားသွင်းစနစ်များနှင့် touch interface တို့ပါဝင်ကြောင်း သိရသည်။

Apple သည် စမတ်နာရီ တင်ပို့ရောင်းချမှုကို ပထမနှစ်အတွင်း အလုံးရေ သန်း ၅၀ ရှိရန် မျှော်မှန်းထားကြောင်း Reuters က ဖော်ပြခဲ့သည်။

Ref: CNET

Post By :::#MMIT

No comments:

Post a Comment