Saturday, June 28, 2014

ကျပ်ငွေ သိန်းတစ်ရာနီးပါးရှိတဲ့ GPS နာရီ



အများထက် နာရီ အချိန်မှာ တိကျမူ တစ်ခု ရှိတာ အားသာချက် တစ်ခုပါပဲ။ VCXO Ox One လို့ အမည်ရှိတဲ့ နာရီဟာ GPS နည်းပညာရယ်စက်နဲ့ဆိုင်တဲ့ ရွေ့လျားမူပုံစံရယ် အဲဒီ နှစ်ခုကြားမှာ ရှိတဲ့ ပြိုင်ဘက်ကင်းမူ တစ်ခု အနေနဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ GPS လို့ခေါ်တဲ့ အချိန်နဲ့ နေရာတွေကို ဂြိုလ်တု ကနေ စီစဉ်ပေးပြီး သိရှိစေတဲ့ စနစ်ဟာဆိုရင် စကြာဝဋ္ဌာကြီးရဲ့ အချိန်အားဖြင့် တိကျ မှန်ကန်မူ တစ်ခုလို့ ဆိုနိင်ပြီး နာရီ တော်တော်များများကလည်း ဒီလိုဖြစ်ဖို့ စိတ်ပါဝင်စားကြပါတယ်။
VCXO Ox One ဟာ ဆိုရင် GPS ယူနစ် တစ်ခု ကို ထိပ်မှာ
တပ်ဆင်ခြင်းနဲ့အတူ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ထို GPS နည်းပညာနဲ့ အတူ အချက်အလက်တွေကို လက်ခံရယူပြီး အချိန်ရဲ့ တိကျမူတွေကို နာရီထဲမှာ လုပ်ခွင့်ပြုထားပါတယ်။ ထို နည်းပညာဟာ စကြ၀ဋ္ဌာကြီးရဲ့ သက်တမ်း နည်းပညာနဲ့ အတူတူ ဖြစ်ပါတယ်။ ထိုကြောင့် VCXO Ox One ကို ၀တ်ဆင်ထားမယ် ဆိုရင်တော့ နိင်ငံခြားသို့ သွားတဲ့နေရာတွေမှာ အချိန်ကို တကူးတစ်က တိုက်စရာမလိုဘဲ လက်မှာ ပါရှိတဲ့ Magic bottom လို့ခေါ်တဲ့ ခလုတ်ကို နှိပ်ရုံနဲ့ အချိန်တွေ တိကျစွာ ကို နိင်ငံ အလိုက် GPS ထောက်ပံ့မူ ဂြိုလ်တုတွေ ကနေတစ်ဆင့် ရရှိနိင်မှာ ဖြစ်ပါတယ်။
နာရီရဲ့ ဖောင်ဒေးရှင်း အနေနဲ့ ဆွီဇာလန် မိတ်TT-738 အော်တို ရွေ့လျားမူတွေကို သုံးပေးထားပြီးအချိန် တိကျ မှန်ကန်မူ တွေအတွက် နာရီ မရပ်သွားစေ ရအောင် ၅ရက်စာ အပြည့် ပါဝါ သီးသန့် ထားရှိမူတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် အားသိုလှောင်မူကို နှစ်မျိုး ဖွဲ့စည်းထားတာကို တွေ့နိင်ပါတယ်။ အထင်ကြီးစရာ နောက်ထပ် နှစ်ခု ရှိပါသေးတယ် ဒါကတော့ COSC ဆိုတဲ့ အချိန် အလွန်တိကျသော နာရီ အသိအမှတ် ပြုခံ ခဲ့ရခြင်းနဲ့
တစ်ပြိုင်နက် နေ့ရက်တွေကို ပြောင်းလဲနိင်ခြင်း တို့ပဲ ဖြစ်ပါတယ်။ နာရီ အကျယ် ၄၆မီလီမီတာ၊ အထူ ၉မီလီမီတာ ရှိကာ ၀တ်ဆင်မူတွေအတွက် အဆင်ပြေအောင် ပြုလုပ်ထားပေးပါတယ်။ ကြော့ရှင်းလှပတဲ့ ဒီဇိုင်းတွေနဲ့ ပုံမှန်နာရီတွေထက် ထူးခြားကာ ရေအောက် ၃၀ မီတာအထိ ၀တ်ဆင်သွားနိင်ပါတယ်။ သို့ပေမဲ့ ထွက်ရှိဖို့ အနည်းဆုံး (၆)လလောက် စောင့်ရဦးမှာ ဖြစ်ပြီး စွန်းထင်မူ ကင်းတဲ့ စတီးသားတွေနဲ့တွေ့ရှိရမှာ ဖြစ်ကာ ကြိုတင်အော်ဒါတွေ အတွက်ကတော့ $9,150, $11,200 နဲ့ $41,150 မှာ ရှိပါလိမ့်မယ်။
.

No comments:

Post a Comment