Saturday, June 28, 2014

Nokia မှ X2 Android ဖုန်းကို ထပ်မံမိတ်ဆက်


Nokia မှ Android OS သုံးစမတ်ဖုန်းများကိုထုတ်လုပ်ပြီး မိုဘိုင်းလောကတွင် နေရာ ရယူနိုင်အောင်လုပ်ခဲ့ပါတယ် ။
XL ၏ အသွင်အပြင် Hardware အသုံးပြုမှူက လက်ခံနိုင်လောက်ပေမယ့် Nokia X ရဲ့ Specification ကတော့
ထင်သလောက်မကောင်းတာကို အသုံးပြုသူများက ဝေဖန်ထောက်ပြခဲ့ပါတယ် ။ ဒါကြောင့် Microsoft Company က
ယခင် Nokia X ထက် ပိုမိုကောင်းမွန်တဲ့ X2 ကိုထပ်မံ မိတ်ဆက်ပြသပေးခဲ့ပါတယ်။
Nokia X2 မှာတော့ ယခင် မျိုးဆက်ထက် ပါးလွှာပြီး Screen ကိုလည်း 4.3 လက်မ LCD Display ကိုသုံးထားပါတယ်။
ယခင် X မှာတော့ RAM 514 MB သာပါရှိပေမယ့် ယခု X2 မှာတော့ 1GB ထိတိုးချဲ့ပေးထားပါတယ် ။
Qualcomm Snapdragon 200 processor ကိုသုံးထားပြီး 1.2 GHz Dual core နဲ့ လည်ပတ်ပေးမှာပါ ။
5MP ကျောဖက် ကင်မရာကို အသုံးပြုထား ပြီး LED Flash လည်းထည့်သွင်းပေးထားပါတယ်။
သိုလှောင်မှူပိုင်းမှာ တော့ ယခင် မော်ဒယ်ကဲ့သို့ 4GB ကိုအသုံးပြု ထားပြီး Micro SD ကနေထပ်မံတိုးမြှင့်သုံးစွဲနိုင်ဦးမှာပါ ။
စမတ်ဖုန်းတစ်လုံး ရဲ့ Feature ဖြစ်တဲ့ Bluetooth 4.0 ပါဝင်ပြီး Battery ကိုတော့ 1,800 mAh အသုံးပြုထားတာကြောင့်
သာမန် စမတ်ဖုန်းတစ်လုံးအတွက်တော့ လုံလောက်တဲ့ ပမာဏပါ။ Sim ကိုလည်း ၂ကတ်ထည့် အသုံးပြုနိုင်မှာဖြစ်တာကြောင့် အဆင်ပြေစေမှာပါ။
ယခက် Nokia X မှာ အဆုံးဝါးဆုံးပြသနာက Home Key ကို အလွယ်တကူရှာမရ တာဖြစ်ပြီး
အသုံးပြုရတာခက်ခဲတာကြောင့် ယခု X2 မှာ Home Key ကို ထည့်သွင်းပေးထားပါတယ်။
Microsoft ရဲ့ အသုံးဝင် application တွေဖြစ်တဲ့ Outlook, OneDrive, Skype နဲ့ Xbox Games တွေကို
တခါထည်းထည့်သွင်းပေးထားပြီး OneDrive မှာ 15GB Free သိုလှောင်ခွင့်ပေးထားပါသေးတယ်
Nokia မှ အရည်အသွေးကိုထပ်မံမြင့်တင်ထားတဲ့ ဖုန်းတွေ စမတ်ဖုန်းလောကမှာ နေရာယူနိုင်မလားဆိုတာစောင့်ကြည့်ရဦးမှာဖြစ်ပါတ

No comments:

Post a Comment