Saturday, June 28, 2014

.မြန်မာနိုင်ငံမှာ 2G အသုံးပြုမည်လား၊ 3G အသုံးပြုမည်လား





.မြန်မာနိုင်ငံမှာ 2G အသုံးပြုမည်လား၊ 3G အသုံးပြုမည်လား
2G နှင့် 3G ကွာခြားပုံ
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ 2G, 3G ဆိုတဲ့ အသုံးအနှူန်းကို အများစုက ကြားဖူးနားဝရှိပြီးသားဖြစ်မှာပါ။ 2G နှင့် 3G ကွန်ယက်တွေဟာ မိုဘိုင်းဆက်သွယ်ရေးအတွက် အသုံးပြုနေတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ data rate, speed တွေအကြောင်းပြောသွားမှာမဟုတ်ပဲ နည်းပညာနယ်ပယ်ထဲကမဟုတ်တဲ့သူများအတွက် ဖတ်ရှူရတာ နားလည်ရှင်းလင်းအောင် 2G နှင့် 3G ကွာခြားပုံကို ရေးသားသွားပါမယ်။

2G ဆိုတာ ကြိုးမဲ့တယ်လီဖုန်းနည်းပညာ ဒုတိယမျိုးဆက်ဖြစ်တဲ့ second-generation ကိုပြောတာပါ။ 2G မိုဘိုင်းတယ်လီကွန်းကွန်ယက်ကို 1991 ခုနှစ် Finland နိုင်ငံမှာ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ သက်တမ်းအားဖြင့်ဆိုရင် ၂၃နှစ်ရှိနေပါပြီ။ 2G မှာ စာတိုပေးပို့ခြင်း (SMS) ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ ထို့အတူ စာတိုပေးပို့ခြင်းသာမက  ရုပ်ပုံများပေးပို့ခြင်း နှင့် multi media message ပါ အသုံးပြုနိုင်ပါတယ်။ 2G မှာဆိုရင် voice communications, text messaging နှင့် simple web browsing (စာရှာဖွေခြင်းကဲ့သို့သော သာမန်အင်တာနက်အသုံးပြုနိုင်ခြင်း) တို့ပါဝင်ပါတယ်။ထို့နောက် 2G ကိုထပ်မံအဆင့်မြင့်တင်ရာမှ 2.5G, 2.75G, 3G နှင့် 4G များက အစားထိုးဝင်ရောက်လာပါတယ်။

3G ဆိုတာ လက်ရှိမြန်မာနိုင်ငံရဲ့လူနေမှူဘ၀ကို စိတ်ကျေနပ်မှူအပြည့်နဲ့ ပညာရေး၊ သတင်း၊ လူမှူရေး စတဲ့ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးမယ့် မိုဘိုင်းဆက်သွယ်ရေးနည်းပညာ တတိယမျိုးဆက်ဖြစ်ပါတယ်လို့ပဲ တင်စားပါရစေ။ 3G ကိုမြင်တာနဲ့ အင်တာနက်မြန်နှူန်းမြင့်ဆိုတာက ပါလာပြီးသားပါ။ အချက်အလက်၊ ဓာတ်ပုံ၊ ရုပ်ရှင်တွေကို မြန်ဆန်စွာ Download, Upload ပြုလုပ်နိုင်မှာက 3G ပါ။
ယနေ့ခေတ်မှာ 3G အသုံးပြုသင့်နေပြီလား?
ကျနော်အဖြေက “Yes” လို့ချက်ချင်းဖြေမိမှာပါပဲ။ Why –  အနီးစပ်ဆုံးဥပမာတစ်ခုပေးရမယ်ဆိုရင် ကျနော်တို့ လက်ရှိသုံးနေတဲ့ Smart Phone ဟာ လွန်ခဲ့တဲ့ ၁နှစ်၊ ၂နှစ်က ထုတ်ထားတာဖြစ်ကောင်းဖြစ်မယ်။ ယနေ့အသစ်ထွက်ရှိလာတဲ့ဖုန်းတွေကို လိုချင်စိတ်မဖြစ်မိဘူးလား။ လဲချင်စိတ်ကော မဖြစ်ဘူးလား။ သေချာတာကတော့ ယခင်ဖုန်းနဲ့ လဲချင်မိမှာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုရင် ယနေ့နောက်ဆုံးပေါ်ထွက်ရှိလာတဲ့ Smart Phone တွေဟာ ဆန်းသစ်တဲ့နည်းပညာအဆင့်မြင့်တင်မှူတွေ ပြုလုပ်လာလို့ပဲ မဟုတ်ပေဘူးလားခင်ဗျာ။ ဒီလိုပဲ။ 3G ဆိုတာလည်း 2G ကနေ အဆင့်ဆင့် မြင့်တင်လာတဲ့ မိုဘိုင်းဆက်သွယ်ရေးနည်းပညာတစ်ခုပါပဲ။ ဒါပေမယ့် 3G ကွန်ယက်ကို နေရာတိုင်းမှာ အသုံးပြုလို့ ရရှိဦးမှာမဟုတ်ပါဘူး။ ယခု ပြည်ပ Telecom ကုမ္ပဏီနှစ်ခုက တာဝါတိုင်တွေ တည်ဆောက်နေဆဲဖြစ်ပါတယ်။ မြို့ကြီးတွေမှာတော့ 3G ကွန်ယက်တွေကို စမ်းသပ်အောင်မြင်နေပြီ ဖြစ်ပါတယ်။ Ooredoo ​Myanmar 
က 3G ကွန်ယက်ကိုသာ အသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့် 3G နဲ့ပက်သက်ပြီး အဆင်ပြေချောမွေ့အောင် ဂရုတစိုက်လုပ်ကိုင်နေမှာ အသေအချာပါပဲ။

3G ကိုအသုံးပြုရင် နေထိုင်မှူပုံစံဘယ်လိုကွာခြားသွားမလဲ?
3G ကိုအသုံးပြုမယ်ဆိုရင် အဓိကအချက်အနေနဲ့ ကျနော်တို့အင်တာနက်လိုင်းကောင်းမွန်စွာ အသုံးပြုနိုင်ပါမယ်။ Youtube က video လိုမျိုးကို စောင့်ဆိုင်းနေစရာမလိုပဲ တိုက်ရိုက်ကြည့်ရှူနိုင်မယ်။ Youtube မှာဆိုရင် ပညာရေးအတွက်ပဲ အသုံးပြုမလား။ ဖျော်ဖြေရေးအတွက်ပဲအသုံးပြုမလား။ နောက်ဆုံးရသတင်းတွေကိုရုပ်သံနဲ့ ကြည့်ရှူမလား။ စွယ်စုံအသုံးချနိုင်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာ Youtube ကိုအသုံးနည်းနေတယ်ဆိုတာ အဓိက အင်တာနက်လိုင်း မကောင်းလို့ပါ။ ဖုန်းပြောဆိုရာမှာလည်း အသံကြည်လင်ပြတ်သားမှူသာမက video calls တွေပါအသုံးပြုနိုင်ပါမယ်။ ယခုကျနော်တို့ဖုန်းအပြန်အလှန်ပြောဆိုတဲ့အခါ အသံနဲ့သာ ဆက်သွယ်ပြောဆိုလို့ရပါတယ်။ 3G မှာဆိုရင် ရုပ်ကောအသံပါ နှစ်မျိုးစလုံး အသုံးပြုလို့ရရှိမှာဖြစ်ပါတယ်။
Ooredoo
Myanmar
က video calls စမ်းသပ်အောင်မြင်ပြီးတဲ့နောက်ပိုင်းမှာ ဟာသအနေနဲ့အင်တာနက်စာမျက်နှာတွေပေါ်မှာ ဒီလိုမျိုးရေးသားထားတာတွေ့ရပါတယ်။ “အိမ်က မိန်းမက ယောက်ျားဘယ်ရောက်နေလဲမေးရင် အရင်လို သူငယ်ချင်းအိမ်မှာဆိုပြီး လိမ်ညာပြောလို့မရတော့ဘူး။ မယုံဘူး video calls ဖွင့်ပြဆိုမှ ပြသနာတွေတက်ကုန်မယ်”  ယခင်လို “ဟလို ဟလိုကြားလား” ဆိုပြီး လိုင်းမိအောင် လိုက်ဖမ်းရတဲ့ ဒုက္ခကလည်း ကင်းဝေးသွားမှာပါ။

ကျောင်းသားတွေအနေနဲ့လည်း အင်တာနက်လိုင်းမြန်ဆန်စွာအသုံးပြုနိုင်မယ်ဆိုရင် Online မှာရှိတဲ့ video tutorials တွေကို ကြည့်ရှူနိုင်မယ်။ နိုင်ငံတကာမှာသင်ကြားနေတဲ့ course တွေကိုသင်ယူနိုင်မယ်။
ကွန်ပျူတာပရိုဂရမ်ရေးသားသူ၊ မိုဘိုင်း App ရေးသားသူ၊ Developer တွေအနေနဲ့လည်း အင်တာနက်လိုင်းကောင်းမွန်စွာ အသုံးပြုနိုင်မယ်ဆိုရင် သူတို့ရဲ့အရည်အသွေးတွေဟာ ပိုမိုတိုးတက်လာပြီး မြန်မာနိုင်ငံရဲ့ ICT လိုအပ်ချက်တွေကို ကမ္ဘာ့အဆင့်မှီဖြည့်ဆည်းပေးနိုင်မှာပါ။ ဂီတ၀ါသနာရှင်တွေအနေနဲ့ သူတို့ solo သီချင်း၊ MTV တွေကို အင်တာနက်ပေါ်မှာ တင်နိုင်မယ်။ လူကြည့်များပြီး လူအများလက်ခံပြီဆိုရင် နိုင်ငံကျော်တင်မက၊ ကမ္ဘာကျော်အဆိုတော်ထိတောင် ဖြစ်သွားနိုင်ပါတယ်။ အင်တာနက်ကို နိုင်ငံတကာသတင်းတွေ ဖတ်ရှူဖို့အတွက် ရည်ရွယ်ပြီး အသုံးချနေသူများအတွက်လည်း စာဖတ်စွမ်းရည်၊ ဥာဏ်ရည်၊ ဗဟုသုတတွေ ကြွယ်ဝပြီး သူများပါးစပ်အပြောကို မယုံပဲ ကိုယ်တိုင်မှန်ကန်တိကျတဲ့သတင်းတွေကို အင်တာနက်ကနေ ရှာပြီးဖတ်နိုင်လာမယ်။ အိမ်မှာပဲ အင်တာနက်အသုံးပြုပြီး Online Shopping ဖွင့်မယ်။ အင်တာနက်ကနေ ပိုက်ဆံရှာမယ်။ စသဖြင့် နယ်ပယ်ပေါင်းစုံက လူနေမှူဘ၀တွေဟာ မြန်နှူန်းမြင့်အင်တာနက်ကိုအသုံးပြုမယ်ဆိုရင် ယခုထက်ပိုတဲ့ ဖွံ့ဖြိုးတိုးတက်မှူတွေအများကြီး ရှိလာမှာပါ။
ရေးသားသူ – မိုးလုံးပြည့်လျှံ
Fb-Button


No comments:

Post a Comment