Saturday, June 28, 2014

Huawei မှ Honor 6 ကို ကြေငြာ



စမတ်ဖုန်းလောကမှာ ဈေးနှုန်းချိုသာမှု အရည်အသွေးကောင်းမှုတွေနဲ့ နေရာတစ်နေရာရခဲ့တဲ့ Huawei ဟာ ၄င်းတို့ရဲ့
လူသိများထင်ရှားတဲ့ Honor Series များရဲ့ မျိုးဆက် သစ်ကို ကြေငြာခဲ့ပါတယ်။
အသစ်ထွက်ရှိလာမယ့် မျိုးဆက်သစ် Honor 6 မှာတော့ 1080p HD ကို ၅လက်မ မျက်နှာပြင်ကပြသပေးမှာဖြစ်ပြီး
Android version 4.4.2 ကို အသုံးပြုမောင်းနှင်ပေးထားပြီး Huawei ရဲ့ Kirin 920 Octa-core Processor ကို
အသုံးပြု ထားမှာပါ RAM ကိုတော့ အခြား High end စမတ်ဖုန်းများနည်းတူ 3GB ထည့်သွင်းပေးထားပြီး
သိုလှောင်မှူပိုင်းမှာတော့
16GB နဲ့ 32 GB ဆိုပြီးရွေးချယ်နိုင်မှာပါ ထို့အပြင် Micr0 SD နဲ့ ထပ်မံ တိုးချဲ့နိုင်မှာဖြစ်လို့ Data များများစားစားသိုလှောင်သူတွေ အကြိုက်တွေ့မှာအမှန်ပါ။
ကျောဖက်မှာ 13 MP အရည်အသွေးရှိ ကင်မရာကိုတပ်ဆင်ပေးထားပြီး ရှေ့ ကင်မရာ ကတော့ 5MP ရှိတဲ့ အတွက် Selfie ရိုက်လိုတဲ့ ကိုကို မမ တွေအကြိုက်တွေ့မှာ အမှန်ပါ။
ဒါအပြင် တမူထူးခြားစွာ ဖုန်းရဲ့ Body ကို အလူမီနီယံနဲ့ တည်ဆောက်ထားပါသေးတယ်။
ဘာကြောင့် အလူမီနီယံ ကို အသုံးပြု ရသလဲဆိုတော့ ဖုန်းမှ ထွက်ရှိလာမယ့် အပူတွေကို ဖြန့် လိုက်ပြီး
ဖုန်းကိုအေးမြစေအောင်ရည်ရွယ်ပြီး တည်ဆောက်ထားတယ်လို့ ပြောကြားထားပါတယ်။ ဖုန်းမျက်နှာပြင် ဟာအရင်စမတ်ဖုန်းတွေထက် ပိုမိုကျယ်ပြန့်လာပြီး
ဘေးဘောင်တွေနားမှာပိုမိုရောက်ရှိလာကာ မျက်နှာပြင်ရဲ့ ရုပ်ထွက်က ပိုမို လှပလာမှာဖြစ်ပါတယ်။
ဒါ့အပြင် ဖုန်းတခုလုံးရဲ့ အထူဟာ 6.55mm သာရှိတာမို့ ပေါ့ပေါ့ပါးပါး နဲ့ အရည်အသွေး မြင့် စမတ်ဖုန်း တလုံးကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်….

No comments:

Post a Comment