မနေ့ညက ကျင်းပသွားတဲ့ Google Developer Conference မှာ နောက်အသစ်ထွက်မဲ့ Android version “L” ကိုပြသသွားပါတယ်…. ခုလက်ရှိကတော့ developer preview အနေနဲ့ ပဲရပါသေးတယ်…. Android version အသစ်မှာ User Interface ဒီဇိုင်းအသစ်ကိုလဲ Google ကမိတ်ဆက်ပေးသွားပါတယ်…. Google ကတော့ သူ့ရဲ့ ဒီဇိုင်းကို Material Design concept လို့ နံမည်ပေးထားပါတယ်…. အဲ့ဒီ့ Material Design ရဲ့ အဓိက ရည်ရွယ်ချက်က website မှာပဲဖြစ်ဖြစ် phone application တွေပဲဖြစ်ဖြစ်တူညီတဲ့ standard user interface တစ်ခုကို တည်ဆောက်လို့ရအောင်ပဲဖြစ်ပါတယ် ….window OS တွေလိုပေါ့…. Computer မှာရှိတဲ့ window 8 နဲ့ window phone မှာရှိတဲ့ window 8 OS က ဒီဇိုင်း ဆင်တူပါပဲ….. phone မှာရော web applicaiton မှာပါ ဒီဇိုင်းကတူနေတော့ user တွေအတွက် အသုံး ပြုရတာ ပိုမိုလွယ်ကူစေဖို့ရည်ရွယ်တယ် လို့ဆိုပါတယ်….. နောက်ထွက်မဲ့ Android version “L” မှာပါမဲ့ User interface ဒီဇိုင်း တွေကို အောက်က ပုံတွေမှာလေ့လာလို့ရပါတယ်…. ဒီဒီဇိုင်းအတိုင်း Gmail, Google Keep, Drive , Youtube စတဲ့ Google ရဲ့ website တွေလဲ ဒီလိုမျိုး ပုံစံတွေဖြစ်လာမယ်လို့ဆိုပါတယ်…
No comments:
Post a Comment